အခုမှ ပြန်ဆုံရတယ် အမေနဲ့ ဆိုပြီး ပြောပြလာတဲ့ ပိုင်တံခွန်

ချစ်ပရိတ်သတ်ကြီးရေနိုင်ငံကျော် သရုပ်ဆောင် မင်း သားချော ပိုင်တံခွန်က ကြံ့ခိုင်သန်စွမ်းပြီး ယောကျာ်းပီသတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အား ပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။

ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေဟာ လူတိုင်းအပေါ်ကို မေတ္တာထားပြီး ဂရုဏာထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့အိမ်မှာ အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ အိမ်အကူအဒေါ်ကြီးနဲ့ ဗီဒီ ယိုလေးတစ်ခုကို မျှဝေပေးလာပါတယ်။

ပိုင်တံခွန်က အချိန်အကြာကြီးနေမှ ပြန်ဆုံရလို့ မျက် ရည်မဆည်နိုင်ဖြစ်နေတဲ့ အိမ်အကူအဒေါ်ကြီးကို ထွေးပွေ့ပြီး “ကျွန်တော့်ဆီမှာ အလုပ်လုပ်ပေးနေတဲ့ အမေ အခုမှပြန်ဆုံရလို့ပါ” ဆိုပြီး အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။

ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ကြည်နူးစရာအခိုက်အတံ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ပိုင်တံခွန်ကတော့ အိမ်အလုပ်တွေကူလုပ်ပေးတဲ့ အမေအ ရွယ်

သူစိမ်းတစ်ယောက်အပေါ်မှာလည်း မေတ္တာစေတနာထားတယ်ဆိုတာ ပရိသတ်တွေ ခန့်မှန်းကြည့်နေစရာတောင်လိုမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.