သူမရဲ့ဝလာတဲ့ အကြောင်းနဲ့ မိန်းကလေးတို့အတွက် ကျန်းမာရေး ကိုပြောပြလာတဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ MRTV 4 မင်းသမီးချောလေးဖြစ်တဲ့မြတ်သူသူကတော့ ဇာတ်လမ်းတွဲမှာ အကောင်းဆုံးသရုပ်ဆောင်ခဲ့ပြီး အားလုံးအသည်းစွဲအားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့သူမကိုဝလာတယ်လို့ပြောလာတဲ့သူတွေကိုသူအခြေအနေမှန်ကိုပြောပြလာတာဖြစ်ပါတယ်။မြတ်သူသူကစိတ်ထဲပြောပြချင်တာလေးရှိလို့ဒီပိုစ့်လေးတခုတင်ပါရစေနော်။

ဘဝတူလေးတွေရှိရင် စိတ်ကြိုက် Share လို့ရပါတယ်။မြတ်သူကိုတွေ့ရင်အမအရမ်းဝလာတာပဲဒီအတိုင်းနေတော့မှာလားတို့ဘယ်လိုပုံကြီးဖြစ်သွားတာလဲတို့ အရင်ကပိန်တယ်နော် စသည်ဖြင့်အမျိုးမျိုးသောအားပေးကဲ့ရဲ့စကားပေါင်းစုံအတွက် နောက်လမှာဝိတ်ပြန်ချပြပါမယ်။

မြတ်သူအခု ဝလာပါတယ်မှန်ပါတယ်ဘဝမှာအခုအ သက်အရွယ်ထိ အဝဆုံးကာလတွေလို့ပြောလို့ရပါတယ် အရင်က ပေါင်ချိန် (၁၂၀) ကအလွန်ဆုံးပေမယ့်အခုပေါင်ချိန် (၁၄၅) ရှိပါတယ် မြတ်သူကရောအနုပ ညာအလုပ်လုပ်နေတဲ့သူတယောက်ဖြစ်နေရက်နဲ့ ဒီလောက်ဝလာတာကို လိုချင်နေပါ့မလား။

ဘာလို့ခုလောက်ထိ ဝသွားလဲအဖြေကိုအရင်ကမရှင်းပြချင်ခဲ့လို့ ဝလာတယ်ပြောရင် စိတ်ချမ်းသာလာလို့ပဲရီမောပြီးဖြေခဲ့ပါတယ် ရင်ထဲမှာ ခံစားရတာတော့အမှန်ပေါ့လေ။

ဒီနှစ်ထဲမှာ မြတ်သူတို့မိန်းကလေးသဘာဝဓမ္မတာလာတဲ့ကိစ္စတွေကိုသတိမထားပဲ ခေါင်းလျှော်တာမျိုးတွေကိုနှစ်ချီလုပ်ခဲ့မိလို့သွေးလုံးတည်ပြီး ခွဲစိပ်မှုလုပ်ခဲ့ရပါတယ်ကိုဗစ်ကာလအတွင်းဆေးရုံတက်ခဲ့ ရတာမို့ကိုယ်ခံအားနည်းမှာကြောက်လို့ အစားလည်းမရှောင်ခဲ့ရပါဘူး ဒါပေမယ့်

အခုထိ ထမင်းအစားထိုးပြီး ဝဥကြာဆံပဲစားနေတာပါ။ဗိုက်နဲ့ချက်မှာ အပေါက်ဖောက်ပြီး ခွဲစိတ်မှုလုပ်ထားရတာမို့ လေ့ကျင့်ခန်းလည်းလုပ်လို့မရပါဘူး။ဒီကြားထဲ သွေးလုံးတည်နေတာက ပေါက်သွားလို့ ရှင်းထုတ်ထားပေမယ့်သားအိမ်နံရံမှာ Spot တွေ ဆက်ရှိနေလို့ ဟော် မုန်းဆေးတွေသွင်းရပါတယ်။

ဒီအတွက်ဘဝမှာတခါမှမရောက်ဖူးတဲ့ပေါင်ချိန်အထိရောက်ခဲ့တာပါ ဒါ အရမ်းများထူးဆန်းသွားလို့လား။တချို့အမျိုးသမီးတွေဆိုလည်း သူတို့ခန္ဓာကိုယ်ဖွဲ့ စည်းပုံအရဘယ်လောက်ဝိတ်ချချ မကျတဲ့သူမျိုးတွေရှိကြပါတယ် ဒါ လှောင်စရာလားရှင်။

လူတယောက်က ဝတာ ပိန်တာထက်ကျန်းမာဖို့ စိတ်ချမ်းသာဖို့က အဓိကလို့ပဲ မြတ်သူမြင်ပါတယ် ။ကိုယ်ကတော့အလွယ်ပြောလိုက် ကဲ့ရဲ့လိုက်ပေမယ့် ပြောခံရသူနေရာမှာ ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာပေးတတ်ကြရင် သိပ်ကောင်းမှာပဲ။

မြတ်သူလည်း နယ်ရောက်နေလို့ ဝိတ်ချဖို့အတွက် မပြင်ဆင်ဖြစ်သေးတာပါ။ချစ်လို့ပြောကြတဲ့သူတွေအ တွက်လည်း မကြာခင် ရန်ကုန်ပြန်ရောက်တာနဲ့ ဝိတ်ပြန်ချပေးမှာပါ ကဲ့ရဲ့တဲ့သူတွေအတွက်လည်း ကျေးဇူးပါပဲ။လူတယောက်ရဲ့ဖြစ်တည်မှု ပိန်တာဝတာထက် လူ့ပတ်ဝန်းကျင်အတွက် အကျိုးမရှိတဲ့သူမဖြစ်ရင် တော်ပါပြီပိန်ပိန်ဝဝ စိတ်ချမ်းသာဖို့အဓိကပါ ကောင်မလေးတို့ရေ။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

သူမရဲ႕ဝလာတဲ့ အေၾကာင္းနဲ႕ မိန္းကေလးတို႔အတြက္ က်န္းမာေရး ကိုေျပာျပလာတဲ့ ျမတ္သူသူ

ပရိသတ္ႀကီးေရ MRTV 4 မင္းသမီးေခ်ာေလးျဖစ္တဲ့ျမတ္သူသူကေတာ့ ဇာတ္လမ္းတြဲမွာ အေကာင္းဆုံးသ႐ုပ္ေဆာင္ခဲ့ၿပီး အားလုံးအသည္းစြဲအားေပးမႈကိုရရွိထားတာလည္းျဖစ္ပါတယ္။ဒီေန႕မွာေတာ့သူမကိုဝလာတယ္လို႔ေျပာလာတဲ့သူေတြကိုသူအေျခအေနမွန္ကိုေျပာျပလာတာျဖစ္ပါတယ္။ျမတ္သူသူကစိတ္ထဲေျပာျပခ်င္တာေလးရွိလို႔ဒီပိုစ့္ေလးတခုတင္ပါရေစေနာ္။

ဘဝတူေလးေတြရွိရင္ စိတ္ႀကိဳက္ Share လို႔ရပါတယ္။ျမတ္သူကိုေတြ႕ရင္အမအရမ္းဝလာတာပဲဒီအတိုင္းေနေတာ့မွာလားတို႔ဘယ္လိုပုံႀကီးျဖစ္သြားတာလဲတို႔ အရင္ကပိန္တယ္ေနာ္ စသည္ျဖင့္အမ်ိဳးမ်ိဳးေသာအားေပးကဲ့ရဲ႕စကားေပါင္းစုံအတြက္ ေနာက္လမွာဝိတ္ျပန္ခ်ျပပါမယ္။

ျမတ္သူအခု ဝလာပါတယ္မွန္ပါတယ္ဘဝမွာအခုအ သက္အ႐ြယ္ထိ အဝဆုံးကာလေတြလို႔ေျပာလို႔ရပါတယ္ အရင္က ေပါင္ခ်ိန္ (၁၂၀) ကအလြန္ဆုံးေပမယ့္အခုေပါင္ခ်ိန္ (၁၄၅) ရွိပါတယ္ ျမတ္သူကေရာအႏုပ ညာအလုပ္လုပ္ေနတဲ့သူတေယာက္ျဖစ္ေနရက္နဲ႕ ဒီေလာက္ဝလာတာကို လိုခ်င္ေနပါ့မလား။

ဘာလို႔ခုေလာက္ထိ ဝသြားလဲအေျဖကိုအရင္ကမရွင္းျပခ်င္ခဲ့လို႔ ဝလာတယ္ေျပာရင္ စိတ္ခ်မ္းသာလာလို႔ပဲရီေမာၿပီးေျဖခဲ့ပါတယ္ ရင္ထဲမွာ ခံစားရတာေတာ့အမွန္ေပါ့ေလ။

ဒီႏွစ္ထဲမွာ ျမတ္သူတို႔မိန္းကေလးသဘာဝဓမၼတာလာတဲ့ကိစၥေတြကိုသတိမထားပဲ ေခါင္းေလွ်ာ္တာမ်ိဳးေတြကိုႏွစ္ခ်ီလုပ္ခဲ့မိလို႔ေသြးလုံးတည္ၿပီး ခြဲစိပ္မႈလုပ္ခဲ့ရပါတယ္ကိုဗစ္ကာလအတြင္းေဆး႐ုံတက္ခဲ့ ရတာမို႔ကိုယ္ခံအားနည္းမွာေၾကာက္လို႔ အစားလည္းမေရွာင္ခဲ့ရပါဘူး ဒါေပမယ့္

အခုထိ ထမင္းအစားထိုးၿပီး ဝဥၾကာဆံပဲစားေနတာပါ။ဗိုက္နဲ႕ခ်က္မွာ အေပါက္ေဖာက္ၿပီး ခြဲစိတ္မႈလုပ္ထားရတာမို႔ ေလ့က်င့္ခန္းလည္းလုပ္လို႔မရပါဘူး။ဒီၾကားထဲ ေသြးလုံးတည္ေနတာက ေပါက္သြားလို႔ ရွင္းထုတ္ထားေပမယ့္သားအိမ္နံရံမွာ Spot ေတြ ဆက္ရွိေနလို႔ ေဟာ္ မုန္းေဆးေတြသြင္းရပါတယ္။

ဒီအတြက္ဘဝမွာတခါမွမေရာက္ဖူးတဲ့ေပါင္ခ်ိန္အထိေရာက္ခဲ့တာပါ ဒါ အရမ္းမ်ားထူးဆန္းသြားလို႔လား။တခ်ိဳ႕အမ်ိဳးသမီးေတြဆိုလည္း သူတို႔ခႏၶာကိုယ္ဖြဲ႕ စည္းပုံအရဘယ္ေလာက္ဝိတ္ခ်ခ် မက်တဲ့သူမ်ိဳးေတြရွိၾကပါတယ္ ဒါ ေလွာင္စရာလားရွင္။

လူတေယာက္က ဝတာ ပိန္တာထက္က်န္းမာဖို႔ စိတ္ခ်မ္းသာဖို႔က အဓိကလို႔ပဲ ျမတ္သူျမင္ပါတယ္ ။ကိုယ္ကေတာ့အလြယ္ေျပာလိုက္ ကဲ့ရဲ႕လိုက္ေပမယ့္ ေျပာခံရသူေနရာမွာ ဘယ္လိုခံစားရမလဲ ကိုယ္ခ်င္းစာေပးတတ္ၾကရင္ သိပ္ေကာင္းမွာပဲ။

ျမတ္သူလည္း နယ္ေရာက္ေနလို႔ ဝိတ္ခ်ဖိဳ႕အတြက္ မျပင္ဆင္ျဖစ္ေသးတာပါ။ခ်စ္လို႔ေျပာၾကတဲ့သူေတြအ တြက္လည္း မၾကာခင္ ရန္ကုန္ျပန္ေရာက္တာနဲ႕ ဝိတ္ျပန္ခ်ေပးမွာပါ ကဲ့ရဲ႕တဲ့သူေတြအတြက္လည္း ေက်းဇူးပါပဲ။လူတေယာက္ရဲ႕ျဖစ္တည္မႈ ပိန္တာဝတာထက္ လူ႕ပတ္ဝန္းက်င္အတြက္ အက်ိဳးမရွိတဲ့သူမျဖစ္ရင္ ေတာ္ပါၿပီပိန္ပိန္ဝဝ စိတ္ခ်မ္းသာဖို႔အဓိကပါ ေကာင္မေလးတို႔ေရ။

Leave a Reply

Your email address will not be published.