မွေးနေ့မှာ အဖေကော အမေကော မရှိတော့ဘူးလို့ ဆိုလာတဲ့ သရုပ်ဆောင် လပြည့်

ပရိသတ်ကြီးရေ လပြည့်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ဒီနေ့ မေလ (၉)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ လပြည့်ရဲ့မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပါ။

လပြည့်ကတော့ ဒီနေ့ဟာသူ့အတွက်မွေးနေ့ရက်မြတ် လေးဖြစ်ပေမဲ့ မိဘနှစ်ပါးလုံးမရှိဘဲဖြတ်သန်းရတဲ့ ပ ထမဆုံးမွေးနေ့လေးဖြစ်တာကြောင့်အပြည့်အဝမပျော်ရွှင်နိုင်ဘဲ ဝမ်းနည်းစိတ်မကောင်းဖြစ်နေခဲ့ကြောင်း “သားကိုမွေးခဲ့တဲ့ နေ့လေး ရောက်လာပြီ။

အဖေ နဲ့ အမေ မရှိတော့တဲ့ ပထမဆုံး မွေးနေ့ နှစ်လေး အမေ နဲ့ အဖေ ကို လွမ်းလိုက်တာ အဖေ နဲ့ အမေ ကို သား ကန်တော့ပါတယ်။အဖေနဲ့ အမေ ရောက်လေရာ ဘဝ မှ ကျန်းမာချမ်းသာပါစေ မိဘကျေးဇူး အကြာကြီး ဆပ်ခွင့်မရလို့ အရမ်းဝမ်းနည်း မိပါတယ်။

အမေ နဲ့ အမေ ကို အရမ်းချစ်ပါတယ် ။” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ထားခဲ့ပါတယ်။ပရိသတ်ကြီးရေ စိတ်အားငယ်နေတဲ့ လပြည့်အတွက် အားပေးစကားနဲ့ မွေးနေ့ဆုတောင်းတွေတောင်းပေးခဲ့ပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.