အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာပထမဆုံး သံရုံးကို ချက်သမ္မတ နိုင်ငံ ဖွင့်လှစ်ခွင့်ပြု

မေ၂၇ရက်

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာပထမဆုံး သံရုံးကို ချက်သမ္မတ နိုင်ငံ ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်းသိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးလင်းသန့်အား ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး မစ္စတာ မာကျင် တလာပါ ( H.E Mr Martin Tlapa ) က တရားဝင် လက်ခံ အသိအမှတ်ပြု ဂုဏ်ယူကြောင်း မေလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ချက်သမ္မတ နိုင်ငံက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည့်နေ့ကတည်းကပင် စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုံ့ချကြောင်း၊ တရားဝင် ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်များကို ထောက်ခံကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ရလာဒ်အား လေးစားရေး တောင်းဆိုကြောင်း၊ မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံနေရသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့်တကွသော ကျန် ဖမ်းဆီခံထားရသူအားလုံးအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်လည်း တောင်းဆိုကြောင်း၊ ချက်သမ္မတ နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး၏ စာတွင် ဖော်ပြထားသည်။

ချက်သမ္မတနိုင်ငံသည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH အား ထောက်ခံကြောင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းသည်ကို ကြိုဆိုပါကြောင်းလည်း ဆိုထားသည်။

Photo ချက်သမ္မတနိုင်ငံတွင် မြန်မာသံရုံးဖွင့်လှစ်စဉ်
ပုံဟောင်း

Leave a Reply

Your email address will not be published. Required fields are marked *