ထက်ယံနဲ့ သူ့ပပထက်ဦးတို့ဟာ မကြာသေးခင်ကမှ မင်္ဂလာဦးဆွမ်းကျွေးခဲ့ပြီး မနေ့က ၈.၅.၂၀၂၂ ညမှာတော့ Inya Lake ဟော်တည်မှာ ညစာကျွေးပြီး Dinner ပွဲလေးလုပ်ခဲ့ကြပါတယ်။ ထက်ယံဆိုတဲ့ အဆိုတော်ကောင်လေးဟာ သူ့ဘဝမှာ သီချင်းကိုသာအားထားခဲ့ပြီး ခပ်ဆိုးဆိုးနဲ့ ဖြတ်သန်းခဲ့တဲ့ ကောင်လေးပါ။
သူ့စိတ်သူ့သဘောနဲ့နေချင်သလိုနေခဲ့တဲ့ ကောင်လေးကို ဟိုးအောက်ခြေဘဝရုန်းကန်ကတည်းကနေ အခုချိန်ထိ အနားမှာကောင်းတူဆိုးဖက် အတူတူရှိနေပေးတာကတော့ သူ့ချစ်သူ ကောင်မလေးပါပဲချစ်ခြင်းမေတ္တာဆိုတာ တချို့ သူတွေအတွက် ခါးပေမယ့် မေတ္တာတ ရားကို တန်ဖိုးတတ်တဲ့သူတွေအတွက်ကတော့ အချိန်ကြာလေ မြတ်နိုးစရာကောင်းလေပါပဲနော်
အခုလည်းထက်ယံတစ်ယောက် လူရွေးမှန်သွားလို့ ပျော်နေသလို ကောင်မလေးကလည်း သူ့အချစ်တွေနဲ့ အနွံနာခံမှုတွေကို တန်ဖိုးထားတတ်တဲ့ထက်ယံကိုပိုင်ဆိုင်သွားလို့ အရမ်းကို ကြည်နူးစရာကြီးပါပဲနော်
မနေ့က ကျင်းပခဲ့တဲ့ ညစာစားပွဲမှာ သတို့သားဖြစ်သူ ထက်ယံက သူ့သတို့သမီးလေးကို သူဘယ်လောက်ချစ်ကြောင်းနဲ့ သူ့အတွက်ဘယ်လောက်တန်ဖိုးရှိကြောင်း ဘယ်လောက်ကျေးဇူးတင်ကြောင်း ပြောခဲ့တာလေးတွေဟာ စင်အောက်ကပရိတ်သတ်တွေကိုပါ မျက် ရည်ဝဲစေတဲ့အထိပါပဲ
သတို့သမီးလေးလည်းဘယ်လောက်တောင်ပျော်နေလိုက်မလဲနော်ကဲပရိတ်သတ်ကြီးလည်း ကြည်နူးရ အောင်ကိုယ်တိုင်နားထောင်ကြည့်လိုက်ပါဦးနော်Credit
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
သတို့သမီးနဲ့တကွ စင်အောက်က ဧည့်သည်တွေ ပါ မျက်ရည်ကျလောက် အောင် ပြောလာတဲ့ Htet Yan Video