ကျန်းမာရေးခြေနေကြောင့် ခက်ခဲနေရှာတဲ့ ဦးဗေလုဝတို့မိသားစု

ပရိတ်သတ်ကြီးရေ အခုချိန် ဦးဗေလုဝက ကျန်းမာရေးအခြေအနေ ကြောင့်ငွေကြေးမရှာနိုင်တော့တဲ့အချိန်မှာ ဇနီးဖြစ်သူက စုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ပဲ တွံတေးမြို့က ရွာလေးမှာ ကုန်ခြောက်ဆိုင်ဖွင့်ရင်း မိသားစုဝမ်းရေးအတွက်ရုန်းကန်နေရတယ်လို့ သိရပါတယ်။

“အရင်ကဆို တစ်အိမ်လုံးက ဦးဗေရဲ့အနုပညာကြေးနဲ့ပဲ တစ်မိသားစုလုံး စားနေရတဲ့အခြေအနေဆိုတော့ အခု ဦးဗေ အလုပ်မလုပ်နိုင်တဲ့အချိန်မှာ အန်တီစု ဆောင်းထားတာလေးနဲ့ ကုန်ခြောက်ဆိုင်ဖွင့်ထားပါတယ်။ ဆန်ဆီ ငရုတ်ကြက်သွန် ရောင်း

နေတာပေါ့လေ အဆင်ပြေလားဆိုတော့လဲ ပြေလိုက်မပြေလိုက်ပါပဲ။ ရှိတဲ့ပိုက်ဆံလေးတွေကလည်း ဦးဗေရဲ့ကျန်းမာရေးစရိတ်ကို ထောက်ပံ့ပေးရတော့ အ ခြေအနေက ဘယ်လိုပြောရမလဲကိုမသိတော့ဘူး တွံတေးဘက်မှာနေရတာလည်း

လေကောင်းလေးသန့်လည်းရတယ် အစားအသောက်တွေ လတ်ဆတ်တော့ ဒီဘက်မှာပဲ နေဖြစ်ဦးမယ်။ ရန်ကုန်ကတော့ဘယ်တော့ပြောင်းဖြစ်မလဲ မပြောတတ်သေးပါဘူး “လို့ ဦးဗေလုဝရဲ့ဇနီးဖြစ်သူက မိသားစုဝမ်ရေးအတွက် ရုန်းကန်နေရပုံကို ပြောပြပါတယ်

ဦးဗေလုဝက တော့အသက်၆၆နှစ်ရှိပြီဖြစ်ပြီး ၂၀၂ဝခု နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဦးနှောက်သွေးကြောပိတ်ရောဂါကိုခံစားခဲ့ရကာ အရေးပေါ် အခြေအနေ က လွတ်မြောက်ခဲ့ပြီးတဲ့နောက်မှာ ကိုဗစ်တတိယလှိုင်းမှာလည်းအရေးပေါ် အခြေအနေနဲ့ ထပ်မံကြုံတွေ့ခဲ့ရပြီး နောက် သေကံမရောက်သက်မပျောက်ပဲ လွတ်မြောက်လာခဲ့သူလည်းဖြစ်ပါတယ်

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

က်န္းမာေရးေျခေနေၾကာင့္ ခက္ခဲေနရွာတဲ့ ဦး​ေဗလုဝတို႔မိသားစု

ပရိတ္သတ္ႀကီးေရ အခုခ်ိန္ ဦးေဗလုဝက က်န္းမာေရးအေျခအေန ေၾကာင့္ေငြေၾကးမရွာနိုင္ေတာ့တဲ့အခ်ိန္မွာ ဇနီးျဖစ္သူက စုေဆာင္းထားတဲ့ ေငြေၾကးေလးနဲ႕ပဲ တြံေတးၿမိဳ႕က ႐ြာေလးမွာ ကုန္ေျခာက္ဆိုင္ဖြင့္ရင္း မိသားစုဝမ္းေရးအတြက္႐ုန္းကန္ေနရတယ္လို႔ သိရပါတယ္။

“အရင္ကဆို တစ္အိမ္လုံးက ဦးေဗရဲ႕အႏုပညာေၾကးနဲ႕ပဲ တစ္မိသားစုလုံး စားေနရတဲ့အေျခအေနဆိုေတာ့ အခု ဦးေဗ အလုပ္မလုပ္နိုင္တဲ့အခ်ိန္မွာ အန္တီစု ေဆာင္းထားတာေလးနဲ႕ ကုန္ေျခာက္ဆိုင္ဖြင့္ထားပါတယ္။ ဆန္ဆီ င႐ုတ္ၾကက္သြန္ ေရာင္း

ေနတာေပါ့ေလ အဆင္ေျပလားဆိုေတာ့လဲ ေျပလိုက္မေျပလိုက္ပါပဲ။ ရွိတဲ့ပိုက္ဆံေလးေတြကလည္း ဦးေဗရဲ႕က်န္းမာေရးစရိတ္ကို ေထာက္ပံ့ေပးရေတာ့ အ ေျခအေနက ဘယ္လိုေျပာရမလဲကိုမသိေတာ့ဘူး တြံေတးဘက္မွာေနရတာလည္း

ေလေကာင္းေလးသန႔္လည္းရတယ္ အစားအေသာက္ေတြ လတ္ဆတ္ေတာ့ ဒီဘက္မွာပဲ ေနျဖစ္ဦးမယ္။ ရန္ကုန္ကေတာ့ဘယ္ေတာ့ေျပာင္းျဖစ္မလဲ မေျပာတတ္ေသးပါဘူး “လို႔ ဦးေဗလုဝရဲ႕ဇနီးျဖစ္သူက မိသားစုဝမ္ေရးအတြက္ ႐ုန္းကန္ေနရပုံကို ေျပာျပပါတယ္

ဦးေဗလုဝက ေတာ့အသက္၆၆ႏွစ္ရွိၿပီျဖစ္ၿပီး ၂၀၂ဝခု ႏွစ္ နိုဝင္ဘာလ ၁၇ ရက္ေန႕မွာ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါကိုခံစားခဲ့ရကာ အေရးေပၚ အေျခအေန က လြတ္ေျမာက္ခဲ့ၿပီးတဲ့ေနာက္မွာ ကိုဗစ္တတိယလွိုင္းမွာလည္းအေရးေပၚ အေျခအေနနဲ႕ ထပ္မံႀကဳံေတြ႕ခဲ့ရၿပီး ေနာက္ ေသကံမေရာက္သက္မေပ်ာက္ပဲ လြတ္ေျမာက္လာခဲ့သူလည္းျဖစ္ပါတယ္

Leave a Reply

Your email address will not be published.