ယနေ့ကျဆုံးသွားတဲ့ KPDF သူရဲကောင်းအော်လိုစိန်အကြောင်းပြောပြလာတဲ့ သူငယ်ချင်းတစ်ဦး

သပိတ်စစ်ကြောင်းတွေ ထွက်တုန်းကဆို မနက်ဆိုအရန်သင့် ကားမှာဗောက်စင်တယ် လည်ပင်းမှာကော်မတီကဒ်ဆွဲတယ် လက်အိပ် ဒူးကာ ဂတ်စ်မတ် အပြည့်နဲ့ သူအမြဲအရန်သင့်ဖြစ်လို့ သတိထားမိတယ်

ပထမဆုံး သပိတ်ဖြိုခွင်းခံရတဲ့နေ့က မျက်ရည်ယိုဗုံးထိတော့ ကိုကာကိုလာကို မျက်နှာတင်မဟုတ်ပဲ ခေါင်းကနေလောင်း ချလို့ သူမွန်းပြီး အသက်ရှုကြပ်တယ် ငါ့ဆံပင်တွေ ပျက်ကုန်ပြီ ခေါင်းလျှော်ရတော့မယ်တဲ့ သူ့ဆံပင်အစိမ်း‌ေရာင်ကို တသသနဲ့ အောလိုစိန်

တစ်ရက် နာနတ်တောစစ်ကြောင်းမှာ စစ်ကြောင်းတူတူဦးဆောင်တော့ ကိုယ်ကိုင်တဲ့ အိုင်ကွန်ထဲ စစ်တပ်တွေ ကားကိုးစီးနဲ့ လွိုင်ကော်တက္ကသိုလ်ဘက်က တက်လာပြီလို့ အသံဝင်လာတယ်

အဲ့တော့ ကျမကလည်း စစ်ကြောင်းကို နောက်ဆုတ်ဖို့ ဒိုင်းတွေရှေ့တက်ဖို့လမ်းညွန်ပေးတယ် တပြိုင်ထဲ အရှေ့တက်ပြီး စစ်ကားကိုသွားကြည့်

စစ်ကားကိုးစီး လာတယ် သတင်းရတယ် ကြားလား ကြားလားတစ်ဘက်ကလည်းကြားတယ် ကြားတယ်တက်လာပြီပြောတယ်နောက် ကျမကလည်းတွေ့လာ ကားဘယ်နားရောက်ပြီလည်းတစ်က်ကလည်းမတွေ့ဘူး ဘယ်နားရောက်ပြီးလည်း

အပြန်လှန်ပြောကြရင်း အသံအရမ်းနီးနီးကြားရလို့ လှည့်ကြည့်မှ သူနဲ့ကိုယ်က ကြောချင်းကပ်ရပ်ပြီး အိုင်ကွန်တစ်ယောက်တစ်လုံး နဲ့စကားပြောနေတာ အဲ့တော့မှ ကျမကအော်နင်လားသူကလည်းနင်လား အာလာလာတဲ့

အဲ့နေရာမှာ တင်ရီလိုက်ရတာ ခုထိ သူနဲ့တွေ့တိုင်း တခြားသူငယ်ချင်းနဲ့တွေ့တိုင်း ပြောပြောပြီး ရီရတာအမော.. ..

ခုတော့ သူရဲကောင်းလေး အသက်ပေးသွားရရှာပြီပေါ့ ငါ‌ေနာက်ခါ ဒီအကြောင်းကိုပြောရင် မရီရတော့ဘူးထင်တယ်နော် အေးချမ်းစွာ အနားယူပါတော့ သူရဲကောင်းရေ နင်တာဝန်ကျေ လွန်းပါတယ်ဟာ….ငါကတော့ တာဝန်မကျေသေးပါဘူး

ငါတို့အမြဲအမှတ်ရ ဂုဏ်ယူနေမှာပါဟာ…..

အောလိုစိန်က ဒီနေ့ ပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ထုတ်ဖို့သွားရင်း စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ပြီးငွေတောင်ဆည်တံတားဖြူနားမှာ ခေါင်းတစ်ချက် ပုခုံးတစ်ချက် ခြေထောက်တစ်ချက် ကျည်ထိပြီး အသက်ပေးသွားရတဲ့ကျမတို့ ကရင်နီရဲ့ အာဇာနည်ကြီးပါ

Leave a Reply

Your email address will not be published. Required fields are marked *