ဒါရိုက်တာ မောင်သီ အဖမ်းခံရတာနဲ့ ပက်သက်ပြီး အခုလို ဒဲ့ရှင်းလာတဲ့ ဦးဇာဂနာ

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားတဲ့ ဒါ ရို က်တာမောင်သီ အဖမ်းခံရခြင်းမှာ မဟုတ်မှန်ကြောင်း သရုပ်ဆောင်ဒါရိုက်တာ ဦးဇာဂနာက ပြောကြားလိုက်ပါတယ်။

“ဒါရိုက်တာ မောင်သီအဖမ်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။ သူဒီနေ့မနက်တင် ကျွန်တော်တို့နဲ့ အတူရှိနေတာပါ။ သတင်းစာထဲမှာ ကြေညာတာက နာမည်မှားသွားတာပါ။ သူ အေးအေးဆေးဆေးပဲ ရှိနေပါတယ်” ဟု ဒါရိုက်တာ မောင်သီနှင့် ရင်းနှီးသူ ဦးဇာဂနာက မေ ၇ ရက် မွန်းလွဲ ၁ နာရီက ဖုန်းဖြင့်ပြောကြားပါတယ်။

ဒါရိုက်တာမောင်သီထံ ဆက်သွယ်မေးမြန်းရန်အတွက် သူ၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသဖြင့် ဆက်သွယ်နိုင်ခြင်းမရှိသေးပေ။

စစ်တပ် ဝါဒဖြန့် “Han Nyein Oo” တယ်လီဂရန် ချန်နယ်တွင် “သင်္ကြန်ရေအစား အက်ဆစ်နဲ့ ပက်ခိုင်းတဲ့ ဒါရိုက်တာမောင်သီ အင်းစိန်သို့ ထမင်းစားဖိတ်” ဟု ရေသားကာ ယနေ့ မေလ ၇ ရက်နေ့တွင် ဓာတ်ပုံများ တင်ထားတာကို တွေ့ရပါတယ်။

သို့သော် “Han Nyein Oo” အသုံးပြုထားသည့် “အူးသီ၊ ဒါရိုက်တာ မောင်သီ” အစရှိတဲ့ ss များဟာ ဒါရိုက်တာ မောင်သီ၏ ဖေ့ဘုတ်စ် မဟုတ်ဘဲ “ဗိုလ်စလုံး”အမည်ရှိ ပီဒီအက်ဖ် တော်လှန်ရေး တပ်သား တစ်ဦး၏ ဖေ့ဘုတ်စ် အကောင့်သာ ဖြစ်တယ်လို့ တွေ့ရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ဒါရိုက္တာ ေမာင္သီ အဖမ္းခံရတာနဲ႕ ပက္သက္ၿပီး အခုလို ​ဒဲ့ရွင္းလာတဲ့ ဦးဇာဂနာ

လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပထားတဲ့ ဒါ ရို က္တာေမာင္သီ အဖမ္းခံရျခင္းမွာ မဟုတ္မွန္ေၾကာင္း သ႐ုပ္ေဆာင္ဒါရိုက္တာ ဦးဇာဂနာက ေျပာၾကားလိုက္ပါတယ္။

“ဒါရိုက္တာ ေမာင္သီအဖမ္းခံရတယ္ဆိုတာ မဟုတ္ပါဘူး။ သူဒီေန႕မနက္တင္ ကြၽန္ေတာ္တို႔နဲ႕ အတူရွိေနတာပါ။ သတင္းစာထဲမွာ ေၾကညာတာက နာမည္မွားသြားတာပါ။ သူ ေအးေအးေဆးေဆးပဲ ရွိေနပါတယ္” ဟု ဒါရိုက္တာ ေမာင္သီႏွင့္ ရင္းႏွီးသူ ဦးဇာဂနာက ေမ ၇ ရက္ မြန္းလြဲ ၁ နာရီက ဖုန္းျဖင့္ေျပာၾကားပါတယ္။

ဒါရိုက္တာေမာင္သီထံ ဆက္သြယ္ေမးျမန္းရန္အတြက္ သူ၏ လက္ကိုင္ဖုန္းသို႔ ဆက္သြယ္ခဲ့ေသာ္လည္း စက္ပိတ္ထားသျဖင့္ ဆက္သြယ္နိုင္ျခင္းမရွိေသးေပ။

စစ္တပ္ ဝါဒျဖန႔္ “Han Nyein Oo” တယ္လီဂရန္ ခ်န္နယ္တြင္ “သၾကၤန္ေရအစား အက္ဆစ္နဲ႕ ပက္ခိုင္းတဲ့ ဒါရိုက္တာေမာင္သီ အင္းစိန္သို႔ ထမင္းစားဖိတ္” ဟု ေရသားကာ ယေန႕ ေမလ ၇ ရက္ေန႕တြင္ ဓာတ္ပုံမ်ား တင္ထားတာကို ေတြ႕ရပါတယ္။

သို႔ေသာ္ “Han Nyein Oo” အသုံးျပဳထားသည့္ “အူးသီ၊ ဒါရိုက္တာ ေမာင္သီ” အစရွိတဲ့ ss မ်ားဟာ ဒါရိုက္တာ ေမာင္သီ၏ ေဖ့ဘုတ္စ္ မဟုတ္ဘဲ “ဗိုလ္စလုံး”အမည္ရွိ ပီဒီအက္ဖ္ ေတာ္လွန္ေရး တပ္သား တစ္ဦး၏ ေဖ့ဘုတ္စ္ အေကာင့္သာ ျဖစ္တယ္လို႔ ေတြ႕ရပါတယ္။

Leave a Reply

Your email address will not be published.