လူ့လောကမှာ မရှိတော့ပေမဲ့ မှတ်မှတ်ရရ ဖြစ်ပြီး အကိုဖြစ်သူဒွေးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သားညီ

တစ်နိုင်ငံလုံးက ပရိသတ်တွေ လေးစားချစ်ခင် အား ပေးရတဲ့ သရုပ်ဆောင် ဒွေးကတော့ လူ့ဘဝကြီးကနေ စောစောစီးစီး နှုတ်ဆက်ထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။ဒွေးကွယ်လွန်သွားခဲ့ တာ ဆယ်စုနှစ်တစ်စုကျော်ခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေနဲ့ မိသားစုတွေကတော့ ဒီနေ့ဒီအချိန်ထိ သတိရအောက်မေ့နေဆဲဖြစ် ပါတယ်။

ဒီကနေ့ မေလ (၇) ရက်နေ့ကတော့ ဒွေးရဲ့ မွေးနေ့လေး ဖြစ်ပြီး ဒွေးရဲ့ညီအရင်းဖြစ်သူ သရုပ်ဆောင်၊ ဒါရို က်တာ သားညီ က အစ်ကိုဖြစ်သူမသိနိုင်တော့တဲ့ မွေးနေ့ဆုတောင်းလေးကို အခု လိုပဲ ဆုတောင်းပေ းလာခဲ့ပါတယ်။

“7 . 5 . 2022 သူ မရှိတော့ဘူးဆိုပေမယ့် ရှိနေသေးသ လိုပဲ အမြဲ ခံစားမိနေလိုပါ။ ဘယ်တော့မှလည်း မေ့ပျောက်သွားမှာ မဟုတ်ပါဘူး။ဒီစကားကို ပြောကောင်းသလား မပြောကောင်းဘူးလား လည်းမသိပါဘူး။ တစ်ကယ်လိုများ နောက်ဘဝဆိုတာရှိခဲ့ရင်အဲ့ဘဝမှာလည်း လူဖြစ်ခွင့်ရကြပြီး

အခုဘဝလိုမျိုး တော်စပ် ပတ်သက်ခွင့်ရခဲ့မယ်ဆိုရင် အခုပြောမယ့်စကားလေးကို နှစ်ပေါင်း များစွာ အကြိမ်ပေါင်းများစွာ ခဏ ခဏ ပျော်ရွှင်စွာနဲ့ ပြောခွင့်ရပါ စေလိုကျွန်တော်လေးလေးနက်နက် ဆုတောင်းနေပါတယ် ။ “ Happy Birthday ” ပါ Bro ! သားညီ ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားလာခဲ့တာဖြစ်ပါတယ်။

သားညီကတော့ လူ့ဘဝထဲမှာ မရှိတော့တဲ့ အစ်ကိုဖြစ်သူဒွေး အတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့ပြီး နောက်ဘဝဆို တာတွေရှိရင် အစ်ကိုဖြစ်သူကို နှစ်ပေါင်းများစွာမွေးနေ့ဆုတောင်း ပေးခွင့်ရချင်ကြောင်း လေးလေးနက်နက်ပြောလာခဲ့တာပဲဖြစ်ပါ တယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.