ဗုဒ္ဓတရားတော်များကို သက်ဝင်ယုံကြည်လို့ သီလရှင် လာရောက်၍ ဝတ်မည်ဖြစ်သော အီတလီသူလေး ဂေါတမီရတနာ

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီဖြစ်သည့်အီတလီသူ ဂေါတမီရတနာသည် မနက်ဖြန် မေ ၈ ရက်မှစတင်‌၍ ဆံချကာ သီလရှင်ဆရာလေးအဖြစ် သာသနာ့ဘောင်ခေတ္တဝင်ရောက်မည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေး သား အသိပေးထားသည်။

သီလရှင်ဝတ်မည့် ကျောင်းတိုက်လိပ်စာနေရာမှာ မဂ္ဂဖလဝိဟာရ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတောရ၊ လှ ည်းကူး-ဖောင်ကြီးလမ်းစာဘူးတောင်းကျေးရွာနယ် မြေ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဖြစ်သည်။

သူမသည် မိသားစုဝင်အားလုံးက ခရစ်ယာန်များဖြစ်ကြသော်လည်းအဖွား၏ ကျေးဇူးကြောင့်ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခွင့်ရကာ ယခုဆိုလျှင် ဗုဒ္ဓ၏တရားတော်ကိုပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်မျှဝေနိုင် နေပြီဖြစ်သည်။

ဂေါတမီရတနာသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မေ ၆ ရက် ညဦးပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ တော်မှတဆင့်လေကြောင်းခရီးဖြင့် လိုက်ပါရောက်ရှိလာခဲ့ခြင်းဖြစ်ရာ

မဂ္ဂဖလဝိဟာရ အပြည်ပြည်ဆိုင်ရာဝိပဿနာတောရမှ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာအရှင်ဉာဏဒီပ ကိုယ်တော်တိုင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် သွားရောက်ကြိဆိုနှုတ်ဆက်ခဲ့ပါသည်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ဗုဒၶတရားေတာ္မ်ားကို သက္ဝင္ယုံၾကည္လို႔ သီလရွင္ လာေရာက္၍ ဝတ္မည္ျဖစ္ေသာ အီတလီသူေလး ေဂါတမီရတနာ

ျမန္မာနိုင္ငံသို႔ အလည္အပတ္ေရာက္ရွိေနၿပီျဖစ္သည့္အီတလီသူ ေဂါတမီရတနာသည္ မနက္ျဖန္ ေမ ၈ ရက္မွစတင္‌၍ ဆံခ်ကာ သီလရွင္ဆရာေလးအျဖစ္ သာသနာ့ေဘာင္ေခတၱဝင္ေရာက္မည္ျဖစ္ေၾကာင္း ယေန႕နံနက္ပိုင္းက သူမ၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ေရး သား အသိေပးထားသည္။

သီလရွင္ဝတ္မည့္ ေက်ာင္းတိုက္လိပ္စာေနရာမွာ မဂၢဖလဝိဟာရ အျပည္ျပည္ဆိုင္ရာ ဝိပႆနာေတာရ၊ လွ ည္းကူး-ေဖာင္ႀကီးလမ္းစာဘူးေတာင္းေက်း႐ြာနယ္ ေျမ၊ လွည္းကူးၿမိဳ႕နယ္၊ ရန္ကုန္တိုင္းျဖစ္သည္။

သူမသည္ မိသားစုဝင္အားလုံးက ခရစ္ယာန္မ်ားျဖစ္ၾကေသာ္လည္းအဖြား၏ ေက်းဇူးေၾကာင့္ဗုဒၶဘာသာကို သက္ဝင္ယုံၾကည္ခြင့္ရကာ ယခုဆိုလွ်င္ ဗုဒၶ၏တရားေတာ္ကိုပင္ အဂၤလိပ္ဘာသာျဖင့္ ျပန္လည္မွ်ေဝနိုင္ ေနၿပီျဖစ္သည္။

ေဂါတမီရတနာသည္ ျမန္မာနိုင္ငံ၊ ရန္ကုန္ၿမိဳ႕သို႔ ေမ ၆ ရက္ ညဦးပိုင္းက မေလးရွားနိုင္ငံ၊ ကြာလာလမ္ပူ ၿမိဳ႕ ေတာ္မွတဆင့္ေလေၾကာင္းခရီးျဖင့္ လိုက္ပါေရာက္ရွိလာခဲ့ျခင္းျဖစ္ရာ

မဂၢဖလဝိဟာရ အျပည္ျပည္ဆိုင္ရာဝိပႆနာေတာရမွ ဦးစီးပဓာန နာယကဆရာေတာ္ ေဒါက္တာအရွင္ဉာဏဒီပ ကိုယ္ေတာ္တိုင္ရန္ကုန္အျပည္ျပည္ဆိုင္ရာေလ ဆိပ္တြင္ သြားေရာက္ႀကိဆိုႏႈတ္ဆက္ခဲ့ပါသည္။

Leave a Reply

Your email address will not be published.