အကြောင်းပြချက် အမျိုးမျိုးဖြင့် ဒါရိုက်တာ မောင်သီကို စကစ မှ ဖမ်းဆီး

CRPH , NUG တို့ကို အားပေးကူညီတယ်ဆိုပြီး ရုပ်ရှင်ဒါရိုက်တာ မောင်သီကို ဖမ်းဆီးထားတယ်လို့ အကြမ်း ဖက်စစ်ကောင်စီက မေလ၆ ရက်က ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ ဒါ ရိုက်တာမောင်သီဟာ မနေ့ မေလ ၆ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါရိုက်တာမောင်သီ အသုံးပြုနေတဲ့ UThi Facebook အကောင့်မှတဆင့် လူမှုကွန်ရက်မှာ အကြမ်းဖက်ဖို့ဖြန့်ဝေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတွေက ဖမ်း ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စမ်းချောင်းမြို့နယ်နေ ဦးသန်းလွင်(ခ)ဒါရိုက်တာမောင်သီကို မနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ကနေရာတစ်ခုမှာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လက်တလော ဒါရိုက်တာမောင်သီကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးတဲ့အတွက် မိ သားစုဝင်တွေက စိတ်ပူနေတယ်လို့ သိရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးျဖင့္ ဒါရိုက္တာ ေမာင္သီကို စကစ မွ ဖမ္းဆီး

CRPH , NUG တို႔ကို အားေပးကူညီတယ္ဆိုၿပီး ႐ုပ္ရွင္ဒါရိုက္တာ ေမာင္သီကို ဖမ္းဆီးထားတယ္လို႔ အၾကမ္း ဖက္စစ္ေကာင္စီက ေမလ၆ ရက္က ထုတ္ျပန္ပါတယ္။

ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္မွာေနထိုင္တဲ့ ဒါ ရိုက္တာေမာင္သီဟာ မေန႕ ေမလ ၆ရက္ ေန႕လယ္ပိုင္းက ဖမ္းဆီးခံခဲ့ရတယ္လို႔ အႏုပညာရွင္အသိုင္းအဝိုင္းကေန သိရပါတယ္။

ဒါရိုက္တာေမာင္သီ အသုံးျပဳေနတဲ့ UThi Facebook အေကာင့္မွတဆင့္ လူမႈကြန္ရက္မွာ အၾကမ္းဖက္ဖို႔ျဖန႔္ေဝေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ ရဲေတြက ဖမ္း ဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

စမ္းေခ်ာင္းၿမိဳ႕နယ္ေန ဦးသန္းလြင္(ခ)ဒါရိုက္တာေမာင္သီကို မေန႕ေန႕လယ္ပိုင္းက ရန္ကုန္ၿမိဳ႕ကေနရာတစ္ခုမွာ ဖမ္းဆီးခဲ့ၿပီးေနာက္ စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။

လက္တေလာ ဒါရိုက္တာေမာင္သီကို ဘယ္ေနရာမွာ ထိန္းသိမ္းထားတယ္ဆိုတာ မသိရေသးတဲ့အတြက္ မိ သားစုဝင္ေတြက စိတ္ပူေနတယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published.