အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ သူငယ်ချင်းဆရာမလေးကို လက်ထိပ်ကြီးနဲ့ မြင်လိုက်ရလို့ မျက်ရည်ကျမိကြောင်းပြောလာတဲ့ ပြည်သူတစ်ဦး

ပြီးခဲ့တဲ့မေလ (၂၆) ရက်နေ့အထိ စာရင်းများအရ မြန်မာနိုင်ငံမှာ ကျဆုံးသူပေါင်း (၈၂၈) ဦးခန့် ရှိနေပြီဖြစ်ကြောင်းသိရပြီး အမှန်တကယ် ကျဆုံးသူအရေအတွက်မှာ လက်ရှိစာရင်းထက်တောင် ပိုများနိုင်တာ ဖြစ်ပါတယ် ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူပေါင်း (၅၄၄၁) ခန့်ရှိနေပြီဖြစ်ကြောင်း AAPP ကထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ အခုလည်း ပြည်သူတစ်ယောက်က သူ့ရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမလေးတစ်ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ပြည်သူ့ဝန်ထမ်းအဖြစ် အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ အဲ့ဒီကျောင်းဆရာမလေးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ဒီနေ့မှာဆိုရင်လည်း လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့ ဆရာမလေးရဲ့ဓာတ်ပုံကို တင်ထားတာ တွေ့ရပါတယ်။

ဒီပုံကိုမျှဝေခဲ့တဲ့ သူငယ်ချင်းဖြစ်သူကတော့ ဆရာမလေးအတွက် မျက်ရည်ကျမိကြောင်း၊ အဲ့ဒီမျက်ရည်ကလည်းဂုဏ်ယူလို့ကျရတဲ့ မျက်ရည်ဖြစ်ကြောင်းကို ဝမ်းနည်းစွာနဲ့ ဖွင့်ဟပြောကြားထားတာ ဖြစ်ပါတယ် အဖြူအစိမ်းဝတ်တဲ့ ဆရာမလေးခမျာ အခုတော့ အမှန်တရားအတွက် လက်ထိပ်ကြီးနဲ့ ရဲရဲဝင့်ဝင့် လမ်းလျှောက်နေရတာကိုမြင်ပြီး အားလုံးက စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ပြည်သူတွေကတော့ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့တဲ့ ဆရာမလေးအတွက် ဂုဏ်ယူနေပြီး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *