မန္တလေးမြို့မှ ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော Dragon Warrior MDY- PDF ကမြို့ပေါ်မှ နေထိုင်ရန်ခက်လာသည့်အတွက် မြို့ကိုစွန့်ခွာပြီး ဖြစ် ကြောင်း ထုတ်ပြန်လာသည်။
လက်ရှိမန်းတွင် တော်လှန်ရေးကို ကိုယ်နဲ့မဆိုင်သလို နေကြသူများလာကြောင်း၊ မြို့ပေါ်တွင် UG များနေ ထိုင်ရန်ခက်လာကြောင်း ထုတ်ပြန်ထားသည်။
“ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူများနေတော့ ကျွန်တော်တို့အဖွဲ့ မြို့ပေါ်ကနေစွန့်ခွာသွားပါပြီမန်းသူ မန်းသားများ စိတ်အေး ချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့နေခဲ့ကြပါတော့
မန်မြို့ပေါ်မှာ ကျွန်တော်တို့တွေဘယ်လိုမှနေလို့ရတဲ့အခြေအနေမဟုတ်တဲ့အတွက် မန်းမြို့ကြီးကိုစွန့်ခွာသွားရပေမယ့် တစ်ချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကိုပြန်လာခဲ့ချင်ပါသေးတယ်” ဟုရေးသားထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဒဏ်ရာရလာသည့်အတွက် Inn တခုတွင်ခေတ္တခိုနေသည့် UGများကို စစ်တပ်ထောက်ခံသူများက သတင်းပေးမှုကြောင့် ပစ်ခတ်ဖမ်းဆီးခံသည်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
ငါ့မထိ သရွေ့ ငါနဲ့မဆိုင်သော စိတ်ဓာတ်များကြောင့် မန်းလေး UG တစ်ဖွဲ့ မြို့ပေါ်မှ ဆုတ်ခွာခဲ့ရ