စခ များဆီမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများကို ပိုင်ရှင်ရှာ၍ ပြန်ပေးမည့် MDF
စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်တွင် တိုက်ပွဲအပြီး ဒေသ ခံကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် စစ်ကော င်စီ တပ်မှ သေဆုံးသူ ဒုဗိုလ်အဆင့်ရှိသူ၏ အိတ် ကပ်အတွင်းမှ ရွှေလက်ကောက် ငါးကွင်းတွေ့ရှိခဲ့ရာ ပိုင်ရှင်စုံစမ်းပြီး ပြန်အပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ဧပြီလ ၂၉ ရက်နေ့တွင် မင်းကင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Myanmar Defense Force မှ တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် ခလရ (၈၇) မှ တစ်ပွင့်နှင့် စစ်ကောင်စီတပ် ဒုတိယဗိုလ် ရုပ်အလောင်း အိတ်ကပ်ထဲမှ ရွှေလက် ကောက်များတွေ့ခြင်း ဖြစ်သည်။
“ ဒီကောင်တွေ (စစ်ကောင်စီတပ်သား) ဟာ မဟုတ်တာတော့ ကျိန်းသေတယ်။ ဘယ်ရွာကနေ ဖောက်ထွင်းပြီး ယူလာကြလဲ မသိဘူး။ နယ်မြေရှင်းလင်းတဲ့အချိန် အ ပွင့်နဲ့ ကောင်တစ်ကောင်ရဲ့ ကျည်ကာအင်္ကျီမှာ ထည့်ထားတာ တွေ့တာ၊ ဒေသခံ ပ.က.ဖ တွေနဲ့ ချိတ်ဆက်မေးမြန်းပြီး ပိုင်ရှင်ပေါ်လာရင် ပြန်အပ်နိုင်ဖို့ စီစဉ်နေပါတယ်၊
လက်ရှိ တော့ ကျွန်တော်တို့ တာဝန်ရှိသူတွေက ထိန်း သိမ်းထားပါတယ်” ဟု Myanmar Defense Force အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်တော်ဝင်က ပြော သည် ။“ လပ်တီးကို တိုက်ထုတ်ပြီးတော့ နယ်မြေရှင်းလင်းရေးပြန်လုပ်ချိန် အပွင့်နဲ့ စခ တစ်ကောင်ရဲ့ အိတ်ကပ်ထဲကနေ တွေ့တဲ့ လက်ကောက်တွေ။”
ဒီကောင်တွေဟာ မဟုတ်တာတော့ ကျိန်းသေတယ်။ဘယ်ရွာကနေ ဖောက်ထွင်းပြီး ယူလာကြလဲ မသိ။မစာနာတတ်တာ။ မသနားတတ်တာ။ဒီလိုလေးတွေဖြစ် လာဖို့ ကျေးလက်ကပြည်သူတွေအနေနဲ့ ဘယ် လောက်ထိများကြိုးစားခဲ့ရမလဲ ?သားသမီးအတွက် ရှင်ပြုပေးဖို့လဲ ဖြစ်နိုင်တယ်။
လယ်ကွက်လေးတွေ ဝယ်ဖို့လဲ ဖြစ်နိုင်တယ်။မိုးရာသီရောက်ရင် မိုးစပါးစိုက်ဖို့လဲ ဖြစ်နိုင်တယ်။ပြည်သူတွေရဲ့ သောကမီး ကျနော်တို့တွေ ရင်ကိုပါလာဟက်တယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
စခ အလောင်းမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများကို ပိုင်ရှာ၍ ပြန်ပေးမည့် MDF
Leave a Reply
Your email address will not be published.