မွေးနေ့လေးမှာ ပရိတ်သတ်တွေနဲ့အတူ လိုအပ်နေတဲ့ နေရာတွေ လှုတန်းနေတဲ့ အန်တီချစ်ငယ်

မေခလာကတော့ တစ်ခေတ်တစ်ချိန်ထဲက သီချင်းတွေလည်းဆိုသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ စွယ်စုံရတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။

မေခလာရဲ့ချစ်ခင်ပွန်း ကိုရန်ကျော်ကလည်း ရုပ်ရှင် သ ရုပ်ဆောင်တစ်ယောက်ဖြစ်လို့ ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့လက်တွဲနေကြတာဖြစ်ပြီး အား လုံးကအားကျနေရတာပါနော် ။

ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အရမ်းအား ကျကြသလို ချစ်ငယ်ရဲ့ပွင့်လင်းတဲ့ပြောဆိုပုံလေးတွေနဲ့စိတ်ထားဖြူစင်ပုံလေးတွေကို ချစ်နေကြတာပါ ။မေခလာကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး ချစ်ရတဲ့မိ သားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်‌နေတာဖြစ်ပါတယ်။

အလှူအတန်းတွေဆိုရင်လည်း အမြဲပြုလုပ်လေ့ရှိရာ အခုလည်း သူမရဲ့မွေးနေ့ အမှတ်တရအနေနဲ့ ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ပြုလုပ်ဖြစ်ခဲ့တဲ့ အလှူလေးကို ” ချစ်ငယ်နဲ့အတူ ပရိသာတ်ကြီးရဲ့အလှုပါ ဒီနေ့ ချစ်ငယ်မွေးနေ့ အမှတ်တရအဖြင့်သင်္ကန်းကျွန်းကြီးပုလဲမြို့သစ် ပညာမြေ ဘုန်းတော်ကြီးစာသင်ကျောင်း မိဘမဲ့ခလေးများအတွက် လှုဒါန်းငွေ ၅ သိန်း

ပဲခူးမြို့ရှိ ရင်ခွင်မဲ့သူများဆုံစည်းရာ ဘက်စုံလူငယ် ဖွံဖြိုးရေးကျောင်းအတွက် မိုးကြိုးလွှတပ်ဆင်ရန် လှုဒါန်းငွေ ၃ သိန်းသွားရောက်လှုဒါန်းခဲ့ပါတယ် ချစ်ငယ်နဲ့အတူ ချစ်ပရိတ်သပ်ကြီးရဲ့အလှုပါ သာဓု ခေါ်ဆိုနိုင်ကြပါစေ လိုအပ်တဲ့နေရာမှာ

လှုဒါန်းခြင်းကအမှန်ကု သိုလ် မြတ်လှပါတယ် အများကြီး လှုချင်ပေမဲ့ ဒီနှစ်မှာတော့နိုင်သလောက် ပဲ လှု နိုင်ခဲ့ပါတယ်သာဓု ခေါ်ကြပါနော် ခုလိုရေးသားဖော်ပြထားရာ ပရိသတ်ကြီး အ တွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ် ။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.