နေဒွေးပေးထားတဲ့လက်ကောက်ကို အမှိုက်ပုံးထဲ လွင့်ပစ်လိုက်တဲ့ တရုတ်မလေး

သရုပ်ဆောင်နေဒွေးကတော့ နာမည်ကြီးမင်းသားတစ်ယောက်ဆို ပေမယ့် သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းအများအပြားရရှိထားတာပဲဖြစ်ပါတယ်။

လက်ရှိ မှာလည်းနေဒွေးကမန္တလေးသူလေးတစ်ယောက်နဲ့ ချစ်ကြိုက်နေ တာဖြစ်ပြီး သူတိုနှစ်ယောက်ရဲ့အချစ်ရေးဟာလည်း ပရိသတ်တွေကြားစိတ်ဝင်စားစရာဖြစ်နေတာပဲဖြစ်ပါတယ်။

မနေ့က ဧပြီလ (၃၀) ရက်နေ့မှာတော့ နေဒွေးရဲ့ချစ်သူကောင်မလေးက နေဒွေးနဲ့ ဇာတ်လမ်းလုံးဝပြီးပြတ်သွားပြီလို သူမ ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဒါ့အပြင်နေဒွေးလက်ဆောင်ပေးထားတဲ့လက် ကောက်လေးကိုလည်း ချွတ်ပစ်ပြီးအမှိက်ပုံးထဲလွှင့်ပစ်ခဲ့တဲ့ ဗီ ဒီယိုကိုလည်း သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာတင်လာခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။

နေဒွေးရဲ့ကောင်မလေး ပြောပြချက်အရ နေဒွေးက ငွေဆောင်မှာ နောက်တစ်ယောက်နဲ့ ခိုးDate နေတယ်လို သိရတာပဲဖြစ်ပါတယ်။နေဒွေးဘက်ကတော့ သူတိုနှစ်ယောက်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာကိုမှတုံပြန်ထားခြင်းမရှိသေးပါဘူး။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.