နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ ဒေါက်တာလေး (၂)လပြည့်မှာ အမေဖြစ်သူ စိတ်မကောင်းစွာရေးသာလာခဲ့တဲ့စာ

လက်ရှိအခြေအနေကြောင့် အသက်ပေးသွားရတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကလည်း မိမိတို့ရဲ့သွေးသားရင်းခြာတွေကို နေ့စဉ်ရက်ဆက်သတိရပြီး ပူဆွေးနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကျန်ရစ်သူမိသားစုတွေရဲ့သောကအပူမီးကို မျှဝေခံစားပေးပြီး ဖေးမကူညီနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်းဒေါက်တာသီဟတင်ထွန်းရဲ့မိခင်က သားလေးကျဆုံးတဲ့()လပြည့်နေ့လေးမှာ သတိရခြင်းများစွာနဲ့ ရင်တွင်းခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။

ဒေါက်တာသီဟတင်ထွန်းက မတ်လ(၂၇)ရက်နေ့မှာ လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။မိခင်ဖြစ်သူမှာတော့ သားဆရာဝန်လေးကိုဆုံးရှုံးလိုက်ရလို့ ယူကြုံးမရဖြစ်နေပေမယ့်လည်း အားတင်းထားတာဖြစ်ပါတယ်။ဒီနေ့၊မေလ(၂၇)ရက်နေ့မှာ ဒေါက်တာသီဟတင်ထွန်းကျဆုံးတာ () ပြည့်သွားပြီဖြစ်ပေမယ့်ကျန်ရစ်သူမိသားစုဝင်တွေကတော့ သူ့ကို အချိန်နဲ့အမျှ သတိရနေကြတာဖြစ်ပါတယ်။မိခင်ကလည်း သားကိုရည်းစူးပြီး ကောင်းမှူကုသိုလ်တွေကို အဆက်မပြတ်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

ဒေါက်တာသီဟတင်ထွန်းရဲ့ဆန္ဒတွေကို ကျန်ရစ်သူမိသားစုက ဆက်လက်ဖြည့်ဆည်းပေးနေကြဆဲဖြစ်ပါတယ်။မိခင်ဖြစ်သူကလည်း “အမေကတော့ ပြုံးနေတဲ့သားလေးမျက်နှာလေးကို ခဏခဏမြင်ယောင်ပြီး စကားတွေလည်းပြောနေမိပါတယ်။သားလေးကြားသိမယ်လို့ အမေထင်ပါတယ်။အမေတို့မိသားစုဆီ ပြန်လည်မွေးဖွားလာပါသားရယ်။အမေတို့စောင့်နေတယ်နော်ဆိုပြီး သားလေးပြန်လည်မွေးဖွားလာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။သေချာပြုစုစောင့်ရှောက်လာတဲ့ သားလေးကို အချိန်မတန်သေးဘဲ ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးရဲ့ခံစားချက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *