သားသမီးမြေးတွေရတဲ့ အထိ နှစ်ပေါင်း၃၀ ကျော်ကြာအောင် အတူရှိနေပေးလို့ ကျေးဇူးပါလို့ အန်တီမငွေသိမ်းကို ပြောလာတဲ့ ဦးခင်လှိုင်
ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် သ ရုပ်ဆောင်ပိုင်းမှာလည်းဒရမ်မာမျိုးစုံကို ပိုင်နိုင်စွာလုပ် ဆောင်နိုင်တဲ့ ဦးခင်လှိုင်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်‌နော်။
သူက အနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင် အောင် ရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။
ဦးခင်လှိုင်က ရုပ်ရှင်ကားကြီးများကိုလည်းအဆက် မ ပြတ်ရိုက်ကူးခဲ့ရသူဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးကာ ပျော်ရွှင်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
ဒါ့ပြင်သူ့ရဲ့ သားနဲ့သမီးဖြစ်တဲ့ နေရဲနဲ့သဇင်ထူးမြင့်က ဆိုရင်လည်း အနုပညာလုပ်ငန်းတွေကိုစတင်လုပ် ဆောင်ကာ နာမည်ရလာတဲ့တက်သစ်စအနုပညာရှင်လေးတွေပါနော်။
အခုမှာတော့ ချစ်ဇနီးလေးနဲ့ ပတ်သက်ပြီး ရင်တွင်းခံစားချက် အမှတ်တရ စကားလေးတွေကို ”ကိုကိုချစ်တဲ့ငယ်လေးနှစ်ပေါင်းသုံးဆယ်ကျော်လာခဲ့တဲ့တိုင် အောင်အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာကိုကိုနှင့်ငယ်လေး
နှစ်ယောက်တစ်ဘဝမှသားသမီးမြေးတွေတိုးပွါးလာသည်ထိအောင်မေတ္တာစစ်နှင့်ချစ်နိုင်လွန်းပြီးအနစ်နာခံအနွံတာခံသည်းခံနိုင်စွမ်းတွေနှင့်ဖြည့်စည်းနိုင်လွန်းတဲ့သူကိုကိုနှင့်သားသမီးချွေးမလေးတွေနှင့်မြေးလေးတွေအလွန်ချစ်ရတဲ့ငယ်လေး
ကိုကိုနှင့်ငယ်လေးစတင်ဆုံဆည်းခဲ့သောအချိန်မှအစ ပြုပြီးဒီနေ့ဒီအချိန်ထိဖြတ်သန်းခဲ့တဲ့ဘဝခရီးမှာပျော်ရွှင်ကြည်နူးခဲ့ရတဲ့နေ့ရက်တွေပင်ပန်းဆင်းရဲခဲ့တဲ့အ ခိုက်အတန့်တွေကိုထာဝရအတူမငြီးမငြူလက်တွဲပြီးအပြုံးမပျက်ရင်ဆိုင်ကျော်ဖြတ်ပေးခဲ့လို့ကျေးဇူးပါငယ်လေး” ခုလို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။Credit
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Leave a Reply
Your email address will not be published.