စကစ ရဲ့ ဒါကျက်ဒါဖြေ ၃ပုဒ်ပေး အောင် တဲ့ အဝေးသင် များ ပြန်ဖွင့်မည့်ရက်များ ကြော်ငြာ

အဝေးသင် တက္ကသိုလ် နောက်ဆုံးနှစ် အနီးကပ် သင် တန်းတွေကို ပြန်ဖွင့်မယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ဧပြီ ၁၈ ရက်နေ့က ရွေ့ဆိုင်းလိုက်တဲ့အဆိုပါ သင်တန်းတွေကိုတော့ အဆင့်မြင့် ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ယခု ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် အနီးကပ်သင်တန်းတွေ ပြန် ဖွင့်တော့မယ်လို့ ကြေညာချက် ပြန်လည် ထုတ်ပြန်လိုက်တာပါ။

ဝိဇ္ဇာအထူးပြု အဝေးသင်နောက်ဆုံးနှစ် ဒုတိယအ သုတ်(စတုတ္ထနှစ်၊ အဝေးသင် ဝိဇ္ဇာသင်တန်းများ- အ ထူးပြု ဘာသာရပ်များ- အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပ ထဝီဝင်၊ စိတ်ပညာ၊ အရှေ့အတိုင်းပညာ ဒဿနိကဗေ နှင့် ပဉ္စမနှစ် (ဥပဒေပညာ) သင်တန်း အနီးကပ်သင် တန်းတွေကို လာမယ့် မေ ၁၉ ရက်ကနေ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမယ်လို့ဆိုပါတယ်။

တတိယအသုတ် ( စတုတ္ထနှစ် ၊ အဝေးသင် ဝိဇ္ဇာသင် တန်းများ- အထူးပြု ဘာသာရပ် များ( မြန်မာစာ၊ သ မိုင်း၊ စီးပွားရေး ပညာ၊ စီးပွားစီမံ)အနီးကပ်သင်တန်းတွေကို ဇွန် ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သွားမယ်လို့ ထပ်မံ ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။လ က်ရှိအချိန်မှာ လက်တွေ့ပြုလုပ်ရမယ့် သင်တန်းတွေ ပါ ဝင်တဲ့ သိပ္ပံသင်တန်းများကို စကစ အနေနဲ့ မဖွင့်လှစ်နိုင်သေးကြောင်း တွေ့ရပါတယ်။

အဝေးသင် အနီးကပ်သင်တန်းတွေကို စကစ အနေနဲ့ အတင်းဖွင့်ချင်နေပေမယ့် ဆရာ၊ ဆရာမ မလုံလောက်ခြင်း၊ ကျောင်းစာသင်ခန်းများ အဆင်သင့် မဖြစ်ခြင်းတို့အပြင် တက်မယ့် ကျောင်းသားများ မရှိခြင်းတို့ကြောင့် ဖွင့်မယ့် ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကျောင်းသားအများစုကလည်း စကစ လက်အောက်မှာ ကျောင်းဖွင့်ပြီး ၃ ပုဒ် ကျက်ရင် သေချာပေါက် အောင်မယ့် အဝေးသင်စာမေးပွဲများကို ဖြေဆိုဖို့ စိတ်မပါလက်မပါ ဖြစ်နေတယ်လို့ သိရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.