ယွန်းယွန်းနဲ့ အမှတ်တရလေးကို အခုထိ wallpaper တင်ထားတဲ့ စည်သူဝင်း

သရုပ်ဆောင် စည်သူဝင်းနဲ့ ယွန်းယွန်းတိုကတော့ ပြီးခဲ့တဲ့လတွေ မှာ လူမှုရေးဖောက်ပြန်မှုပြဿနာတွေကြောင့် လူသိရှင်ကြား အရှက်ရခဲ့ရတာပဲဖြစ်ပါတယ်။

စည်သူဝင်းဟာ ရည်းစားရှိရက်နဲ့ ယွန်းယွန်းနဲ့ ဖောက် ပြန်ခဲ့သလို ယွန်းယွန်းဟာလည်း စည်သူဝင်း မှာ ပိုင်ရှင်ရှိမှန်းသိလျက်နဲ့ လက်ခံခဲ့တာကြောင့် စည်သူဝင်းရဲ့ ချစ်သူသိသွားချိန်မှာတော့ သုံးပွင့်ဆိုင်ပြဿနာတွေတက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ထိုပြဿနာတွေအပြီးမှာ စည်သူဝင်းဟာ ယွန်းယွန်းကိုလည်း တောင်းပန်ခဲ့သလို သူ့ရဲ့ချစ်သူမိန်းကလေးအ ပေါ်ကိုလည်း တောင်းပန်စကားဆိုခဲ့ကာ ယွန်းယွန်းနဲ့ အဆက်အသွယ်ဖြတ် လိုက်ပြီလို ပြောခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် မနေ့က ဧပြီလ (၂၉) ရက်နေ့မှာတင်ထားတဲ့ စည်သူဝင်းရဲ့ Story မှာယွန်းယွန်းနဲ့အမှတ်တရဟောင်းတွေရှိခဲ့ဖူးတဲ့ ဓာတ်ပုံကို သူ့ဖုန်းရဲ့ Wallpaper မှာ တင်ထားဆဲဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

အဆိုပါဓာတ်ပုံဟာ စည်သူဝင်းနဲ့ ယွန်းယွန်းတို ချစ် ကြိုက်နေစဉ် ကာလက စည်သူဝင်းက ယွန်းယွန်းကို ပိုထားဖူးတဲ့ ဓာတ်ပုံတွေ ဖြစ်ပြီး ယွန်းယွန်းကိုယ်တိုင်လည်း Plh Wallpaper တင်ထားခဲ့ဖူးတဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.