ညကြီး လေယဉ်ဖြင့်အတိုက်ခံရနေလိုငိုပြီအကူအညီးတောင်းလာတဲ့ ပြည်သူတွေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကနီမြို့နယ်တွင်
စစ်ကောင်စီတပ်များ အင်အား ထပ်မံတိုးချဲ့လာခြင်း နှင့် လေယာဥ်ဖြင့်ပါ ပစ်မိန့် ပေးလိုက်သည့် သတင်း ကြောင့်ပြည်သူများ ညတွင်းချင်း ရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ကနီနယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း၌ မေလ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင် နေကြရာမှ နေရာပြောင်းရွေ့၍ ထပ်မံတိမ်းရှောင် ကြရခြင်း ဖြစ်သည်။

” ပထမရှောင်တိမ်းကြတာက ရွာနဲ့ အနီးနား နေရာတွေမှာပေါ့။ အခုကတော့ အရင်တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ ပိုဝေးတဲ့နေရာတွေကို ပြောင်းရွေ့ကြတာ ဖြစ်ပါတယ် “ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မေလ ၂၅ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် ကနီနယ် ချင်းတွင်းမြစ်အရှေ့ဘက်၌ စစ်အင်အား ၁၀၀ ကျော် ထပ်တိုးလာသည့်အပြင်များ အကန့်အသတ်မရှိ ပစ်မိန့် နှင့် လေယာဥ်ဖြင့်ပါ ပစ်ခွင့်ကို ပေးထားသည့် သတင်းများ ရရှိထားသည်ဟု ၎င်းကပြောသည်။

မေလ ၂၅ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်သားများကများဖြင့်အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြသည်။

ထို့သို့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်နေခဲ့ရပြီး တိုက်ပွဲ ထပ်မံပြင်းထန်နိုင်သည့် သတင်းများရရှိသဖြင့် ညတွင်းချင်း ထပ်မံ ပြောင်းရွေ့နေကြရခြင်း ဖြစ်သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *