မိဘလိုစောင့်ရှောက်နေကြသော ဗဟိုဘဏ် တာဝန်ရှိသူများ
ဒေါ်လာအကောင့် ဖွင့်ထားတယ်၊ ဒေါ်လာထုတ်လို့မရတော့ထားလိုက်တော့၊ တိုကင်နံပါတ် ယူရတယ်။ ကိုယ့်အလှည့် ရောက်ဖို့ ၂ လ လောက်စောင့်ရတယ်။ တစ်ခါထုတ်ပေးရင် သိန်း ၃၀၊ ထားလိုက်ပါတော့။အခု ဒေါ် လာအကုန်လုံးကိုကျပ်ငွေပြောင်းလိုက်ရတယ်။မ ဟုတ်ရင်လုံးဝထုတ်လို့မရ၊ဒီတော့ပြောင်းလိုက်ရတယ်၊ ထားပါတော့။
ပြောင်းပြီးတော့ ဘယ်လောက်ထုတ်လို့ရမလဲ မေးတော့ တလ ၅ သိန်းတဲ့၊ ၅ သိန်းနဲ့ ငါက ဘာစီးပွားရေး လုပ်ရမှာလဲဆိုတော့ အကို ဘာစီးပွားရေးမှ မလုပ်တော့နဲ့တဲ့၊ လုပ်ရင် ရှုံးဖို့များတယ်တဲ့၊ မရှုံးစေချင်လို့ မထုတ်ပေးတာတဲ့၊ဟုတ်တာပေါ့။
တော်လိုက်တာ Business Management နဲ့ Risk Management ကို စဉ်းစားပေးထားတာ၊ အကို အရင်တုန်းက ပိုက်ဆံတွေ အရမ်း သုံးရင်သုံးလိမ့်မယ်။ အခု တလကို ၅ သိန်းနဲ့ လောက်အောင်သုံး။ ငွေရှာရတာခတ်တယ်တဲ့။ မှန်လိုက်တာ။ ငွေရှာရတာခတ်တယ်။ အများကြီးမသုံးနဲ့။ အရမ်း ကောင်းမွန်တဲ့စေတနာတွေပါ။ Financial Management လုပ်ပေးတာကျေးဇူးပါ။
အကိုဆဲရင် ဆဲ၊ ကြိုက်သလိုပြော ဒါပေမဲ့ ငွေတော့ မထုတ်ပေးဘူးတဲ့။ ကြည်စမ်းပါဦး ဘယ်လောက် ပြည့်ဝတဲ့ Customer Service လဲ။
ကျနော် နိုင်ငံတော်တော်များများမှာ ဘဏ်တော်တော်များများနဲ့ စကားပြောဘူးတယ်။ မြန်မာပြည်က ဘဏ်တွေလောက် မိဘလို စောင့်ရှောက်၊ စဉ်းစား၊ Planning လုပ်ပေး၊ ဂရုစိုက်ပေးတာ မကြုံခဲ့ရဘူး။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Leave a Reply
Your email address will not be published.