ကရင်အဆိုတော်မလေး မာသထူးဝါးရဲ့ ကင်ဆာသည် မိခင်အတွက် အလှုခံပေးလာတဲ့ မော်ဒယ်ဟန်နာယူရီ

ကရင်အဆိုတော်မလေး မာသထူးဝါးကတော့ “အိမ်လေးတစ်လုံး လိုချင်တယ်” သီချင်းနဲ့ လူသိများကျော်ကြားခဲ့သူတစ်ယောက်ဖြစ် ပါတယ်။ မာသာထူးဝါးဟာ ဖခင်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုး ထားသူဖြစ်ပြီး အခုတစ်ခါမှာလည်း သူမရဲ့မိခင်ဟာ ကင်ဆာ နောက်ဆုံးအဆင့်ဝေဒနာကို ခံစားနေရတာဖြစ်ပြီး ဆရာဝန်တွေ လက်လျှော့ထားရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မော်ဒယ်လ် ဟန်နာယူရီက မာသထူးဝါးရဲ့မိခင် အတွက် ကူညီပြီး ဆေးဖိုးအလှူခံပေးလာခဲ့တာကို တွေ့ရပါတယ်။ “ညီမလေးမာသာ ရဲ့မေမေအမ မိုင်ကို အားလုံးပဲဝိုင်းဝန်းကူညီ ပေးကြပါနော် ။ အား လုံးသိပြီးတဲ့အတိုင်း မမိုင်ဟာ အသည်း ကင်ဆာရော ဂါ အဆင့် ၄ ကို ရင်ဆိုင် တွန်းလှန်နေပါတယ်။ လက်ရှိမှာတော့ ဆေးလည်းစားအနားလည်းယူရင်း အစာပျော့ လေးတွေနှင့် သစ်သီးတွေ ကျိတ်ပြီး အသက်ဆက် နေပါတယ်။

သူ့ မိသားစု background အကျဉ်းချုပ် မမိုင်ဟာ ထိုင်းမြန်မာ ILO နယ်စပ် ဝမ်းခါဒေသမှာ မွေးဖွါး ကြီးပြင်းခဲ့ပါတယ်။ ထိုင်းနယ်စပ် မှာ ကျောင်းတက် ခဲ့ပြီး ပညာလည်း ထူးချွန်အားကစားလည်း ထူးချွန်ခဲ့ပါတယ်။ “”ကရင်အဆိုတော် သူ့အမျိုးသား ကိုထူးဝါး ကွယ်လွန်ပြီးတဲ့ နောက် ကလေး ၃ ယောက်ကိုလက်ဆွဲပြီး၂၀၁၆ ခုနှစ် မတ်လမှာ တောင်ကိုးရီးယားကို ရောက်လာပါတယ်။

(ကိုးရီးယား ရောက် ၁ ၆ နှစ်ရှိပါပြီ) မလွယ်ကူလှတဲ့ single mom – working mom တာ ဘဝ အခက်အခဲတွေကို အပြုံးမပျက် မညည်းမညူ ခါးစည်းခံ ရင်း၊ သမီးလေး နော်မာသထူးဝါးကိုလည်း အဆိုတော် ဖြစ်အောင် ပျိုးထောင်ခဲ့ပါတယ်။ ကလေးတွေ ၃ ယောက် လုံး စည်းကမ်း လည်းရှိပြီး အရမ်း လိမ္မာကြပါတယ် Single motler မမိုင်ရဲ့ စိတ်ဓါတ် ကလေးတွေအတွက် အကြွင်းမဲ့ ပေးဆပ်တဲ့ မိခင် ကောင်းတဦးပါ။ ဟင်းချက် ပါရမီရှိလေတော့ မြန်မာ စားသောက်ဆိုင် တချိုမှာ chef အဖြစ်လုပ်ရင်း၊ အားလပ်ချိန်မှာ ဟင်းတွေ ကြော်လှော်ရောင်းရင်း ဘဝ ရပ်တည်လာပါတယ်။

ကင်ဆာ အရမ်းကိုက်ခဲလာချိန် လောကကြီးမှာ နေချင်စိတ်တောင် မရှိတော့ပေမယ့် ကလေးတွေအတွက် ၁ ရက် ဖြစ်ဖြစ် ပိုနေချင်ပါ တယ်သူတိုတွေအထက်တန်းအောင်တာလေးကြည့်သွားချင် တယ်ကျမမရှိရင် က လေးတွေကို မခွဲမခွါနေစေချင်ပါတယ်

ကျ မအတွက်ဘယ်သူ့ကိုမှဒုက္ခမပေးချင်ဘူး၊ ကျန်း မာရေးကိုဂရုစိုက် ကြပါ၊ ၃ လအတွင်း ဝင်ငွေမရှိပေမယ့် ဝိုင်းဝန်း ကူညီပေးကြလို ကျမဝန်တွေ ပေါ့ပါးခဲ့ရပါတယ်အားလုံးကိုအရမ်းကျေးဇူးတင်ပါ တယ် ” ဆိုပြီး ညီမလေး မာသထူးဝါးရဲ့မိခင်အတွက် ဆေးဖိုး အလှူခံလာခဲ့တာပဲဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.