သားဖြစ်သူ သီဟအောင်နဲ့ အတူ မိမိုက်နေတဲ့ ကိုကိုဦး

အက်ရှင်ကားတွေထဲမှာ အထိုးအကြိတ်တွေကို အ သားပေးရိုက်ကူးရတဲ့ ဖိုက်တင်ဇာတ်လမ်းမျိုးတွေထဲမှာ မင်းသားတွေနဲ့အပြိုင် သရုပ်ဆောင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေကို လူတိုင်းပဲသိလိမ့်မယ် ထင်ပါတယ်။

ကိုလူချောအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဗီလိန်ကာရိုက်တာတွေကိုလဲ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့အပြင် ဗီဒီယိုဇာတ်ကားတွေ ခေတ်စားတဲ့အချိန်ကတည်းက လူကြမ်းသရုပ်ဆောင်အဖြစ် အချိန်အတော်ကြာ သ ရုပ်ဆောင်ခဲ့တဲ့ ကိုကိုဦး ကို လဲ ပရိသတ်တွေက အခုချိန်ထိမှတ်မိနေအုန်းမှာပါပဲ။

လူကြမ်းသရုပ်ဆောင်ကြီး ကိုကိုဦး ဟာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဗီလိန်၊မုဒိန်းသမား၊လူဆိုး အစရှိတဲ့ ကာရိုက်တာတွေကို သဘာဝဆန်ဆန် အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေမုန်းတဲ့အထိ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့တကယ့်နေထိုင်မူ့ဘဝမှာတော့ စိတ် ကောင်းရှိပြီး သဘောကောင်းတဲ့ လူကြီးတစ်ဦးပါ။ ကိုကိုဦးမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အရမ်းကိုစတိုင်ကျပြီး ချောမောတဲ့ သီဟအောင် ဆိုတဲ့ သားလေးတစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ ဒီကနေ့မှာတော့ သားလေးနဲ့ အပြိုင် ဂိုက်ပေးကြမ်းနေတဲ့ ကိုကိုဦး ရဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေ သဘောကျနေကြပါတယ်။

ကဲစာဖတ်ပရိသတ်ကြီးရေ သားလေးနဲ့အပြိုင် လန်းနေတဲ့ လူကြမ်းသရုပ်ဆောင်ကြီး ကိုကိုဦး ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေလဲ ကြည့်ရှု့ခံစားလို့ရအောင် ပြန် လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ သာ ယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.