ကိုရီးယားဓာတ်ငွေ့ကော်ပိုရေးရှင်းရဲ့ POSCO International ဟာ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းရဲ့ ၈.၅% ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီနှစ်တောအတွင်းမှာ ကိုရီးယားသဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းဟာ POSCO International ကအမြတ်ငွေဘီလီယံ ၂၀ဝ (ဒေါ်လာ ၁၆.၇ သန်း) ရရှိခဲ့ပါ တယ်။ ၂၀၂၀ ခုနှစ်မှာဆို အမြတ်အစွန်း၃၀၅.၆ ဘီလီယံဝမ်ရရှိခဲ့ပါတယ်။ ဒီလိုဝင်ငွေတွေရရှိတဲ့အပေါ်မှာ လည်း မြန်မာနိုင်ငံအတွက် ပြည်တွင်းအခွန်ငွေတွေ ပေးဆောင်ရတာရှိပါတယ်။ ဒီအပေါ်မှာ တောင်ကိုရီးယားနိုင်ငံ လက်ရှိအာဏာရ ဒေါဘူးလောမင်းဂျူးပါတီရဲ့လွှတ်တော်အမတ် ကင်မ်ယုံးမင်က “ POSCO International က မြန်မာနိုင်ငံအတွက် ဝင်ငွေခွန်ခွဲခြမ်းပေးဝေမှုကိုရပ်ဆိုင်းပေးပါ” လို့ တောင်းဆိုလာခဲ့ပါတယ်။
ဒီတောင်းဆိုမှုရဲ့နောက်မှာပဲ လွှတ်တော်အမတ်က ထပ်မံပြီး ” ဒီလောက်များတဲ့ငွေတွေကို အဆုံးရှုံးမခံနိုင်တဲ့POSCO ရဲ့ အနေအထားကိုလည်း ကျွန်တော်တို့အပြည့်အဝနားလည်ပါတယ်။ ဒါကြောင့် စီးပွါးရေးလုပ်ငန်းတွေကိုမရပ်ခိုင်းပါဘူး။ အခုဆို အာဏာသိမ်းပြီးသုံးလကျော်ခဲ့ပြီ။ အရပ်သား (၈၀၀) ကျော်ကျဆုံးခဲ့ရပြီ။ ဒီလို မတရားတဲ့ဖြစ်ရပ်တွေထပ်မဖြစ်စေဖို့ အခုရထားတဲ့ အမြတ်ငွေတွေကို မြန်မာစစ်တပ်ကို ခွဲဝေပေးဖို့ ခဏရပ်ဆိုင်းပေးပါ။ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဒီမိုကရေစီပန်းတိုင် အဆုံးအထိ လက်တွဲသွားမှာပါ။ ” ဟုဆိုကာ သူ့ရဲ့သဘောထားအမှန်ကို အတိအလင်းပြောကြားခဲ့ပါတယ်။
ပြည်သူ့အာဏာဟာပြည်သူ့လက်ထဲမှာမရှိတော့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းကစပြီး မြန်မာပြည်သူတွေဟာဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ မြန်မာပြည်သူတွေကိုစာနာပြီး အစစအရာရာကူညီပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ကိုရီးယားနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ ရတဲ့ဖက်ကကြိုးစားပြီးကူညီပေးနေတာ တကယ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာ မလုံခြုံခဲ့ရတဲ့ဘဝတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ အခုလိုကူညီပေးကြတဲ့ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေကိုလည်း မြန်မာပြည်သူတွေက အမြဲကျေးဇူးတင်နေမှာပါ။