သူမရဲ့ ကုသိုလ်တွေကိုမျှဝေလာတဲ့ ပုလဲဝင်း

ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပုလဲဝင်းကတော့နာမည်နဲ့လိုက်ဖက်အောင် လှပ လွန်းသူတစ်ယောက်ပါ။

ပုလဲဝင်းဟာ ကြော်ငြာတွေနဲ့ ဗီစီဒီတွေ များစွာပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုမ လုပ် ကိုင်တော့ပဲစီးပွားရေးလုပ်ငန်းတွေကိုသာအခြေချလုပ် ကိုင် နေတာပဲဖြစ်ပါတယ်။လတ်တလောမှာ ခရီးတွေထွက်ဖြစ်နေတဲ့ ပုလဲဝင်းဟာ ဒီကနေ့မှာ လည်း ပြင်ဦးလွင်မြိုကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

ပုလဲဝင်းက ပြင်ဦးလွင်ကိုရောက်တုန်းရောက်ခိုက် “၁၃၈၄ တန်ခူးလကွယ်နေ့ မနက် အရုဏ်မဟာမုနိမျက်ရှင်တော်ကြီး မျက်နှာသစ် ရောင်တော်ဖွင့်မင်္ဂလာတွင် ဝေရာဝစ္စကုသိုလ်ယူ၊ နံ့သာရည် သနပ်ခါးသွေးကု သိုလ်ယူ၊

ကြေးဖလား ရေတော်ကရား ဆွမ်းပန် ကန် ပြောင်လက်တောက်ပအောင် တိုက်ချွတ်ဆေးကုသိုလ်ပန်းစေတီ ပန်းအိုးထိုးရာတွင် ဟိုနည်းနည်း ဒီနည်းနည်း ဝင်ကူ ကုသိုလ်” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

ပုလဲဝင်းကတော့ သူမယူဖြစ်ခဲ့တဲ့ ကုသိုလ်လေးကို ပရိသတ်တွေ ထပ်တူသာဓုခေါ်ဆိုနိုင်ဖို မျှဝေပေးလာတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ပုလဲဝင်းရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးကြည်နူးမှုတွေကူးစက်သွားမယ်ထင်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.