ဥပဒေသတွေကို ဖောက်ဖျက်ခြင်းမပြုရဘူးဆိုတဲ့ အခြေအနေတွေကိုလည်းလေ့ကျင့်သင်ကြားမှုတွေထဲမှာ ထည့်သွင်းထား
မေ၂၆ရက်
PDFတွေအနေနဲ့ စစ်ရေးရည်မှန်းချက်တွေကိုသာ တိုက်ပွဲဖော်ဆောင်ရမှာဖြစ်တယ်လို့ NUGကာကွယ်ရေးဒုဝန်ကြီးကဆိုပါတယ်။
မေလတွင်း PVTVနဲ့တွေ့ဆုံရာမှာ ဒေါ်ခင်မမမျိုးဒုတိယဝန်ကြီးကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျမတို့ (PDF) တွေအနေနဲ့ စစ်ရေးရည်မှန်းချက်တွေကိုသာ တိုက်ပွဲဖော်ဆောင်ရမှာဖြစ်တယ်။ စစ်ဆင်ရေးတာဝန်ထမ်းဆောင်တဲ့အခါမှာ လိုအပ်တဲ့အင်အားကိုသာ အဓိကအသုံးပြုရမယ်ဆိုတာမျိုးတွေ၊ အရပ်သားပြည်သူတွေကိုထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်ရမယ်ဆိုတာမျိုးတွေ၊ လူ့ဂုဏ်သိက္ခာနဲ့အညီ အရပ်သားပြည်သူတွေကို ဆက်ဆံရမယ်ဆိုတဲ့အနေအထားတွေ၊ အရပ်သားပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ဘာသာရေးအဆောက်အအုံတွေ ယာဉ်ကျေးမှုအမွေအနှစ်တွေကို လေးစားတန်ဖိုးထားရမယ် စတာတွေ နောက်ပြီးပဋိပက္ခိနဲ့ဆိုင်တဲ့ဥပဒေသတွေကို ဖောက်ဖျက်ခြင်းမပြုရဘူးဆိုတဲ့ အခြေအနေတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေထဲမှာထည့်သွင်းထားပါတယ်“လို့ဆိုပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီးဖြစ်ပါတယ်။