CDM များ Boycott (သပိတ်မှောက်ခြင်း) တို့ကို ပြည်သူလူထုအနေဖြင့် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဒုတိယသမ္မတပြော

မေ၂၆ရက်

အမျိုးသားညီညွတ်‌ရေးအစိုးရ အစိုးရအဖွဲ့ကဆုန်လပြည့်နေ့မှာအွန်လိုင်းကတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာဒုတိယသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ပြည်ထောင်စုဝန်ကြီးများနှင့်နှင့်ယဝန်ကြီးများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ ဒုတိယသမ္မတက အဖွင့်အမှာစကားပြောကြားရာစစ်အုပ်စုကို ဆန့်ကျင်ရာတွင် ပြည်သူလူထုက ရှေ့ရောက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ နှေးကွေးနေသကဲ့သို့ ၎င်းအနေဖြင့် ခံစားရကြောင်း၊

သို့ရာတွင် ထိုသို့ရှုမြင်ရခြင်းမှာ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူလူထုကမသိရှိခြင်းကြောင့်ဖြစ်သဖြင့် အစိုးရ အနေဖြင့် မိမိတို့

လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူများသိရှိနိုင်စေရေး ရှင်းလင်းတင်ပြဖို့လိုမည်ဖြစ်ကြောင်း။

မြေပြင်တွင် စစ်အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်နေကြသော ပြည်သူများသည် စစ်အုပ်စု၏ အဆုံးစွန်သော လုပ်ရပ်များကြောင့် မိမိကိုယ်ကိုယ်ကိုယ် ခုခံကာကွယ်နေရကြရခြင်းဖြစ်ကြောင်း

သို့ရာတွင် အကြမ်းမဖက်ဆန္ဒပြပွဲများ၊ CDM များ Boycott (သပိတ်မှောက်ခြင်း) တို့ကို ပြည်သူလူထုအနေဖြင့်ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းမှုမှာ တရားမဝင်မှုများစွာလုပ်ဆောင်ခဲ့ပါတယ်။

ပြည်သူလူထုအနေဖြင့် အာဏာသိမ်းစ်အုပ်စု၏အောင်နိုင်သည်အထိ တိုက်ပွဲဝင်ကြရန် စိတ်ပိုင်းဖြတ်ထားသည်ကို တွေ့မြင်ရပြီးဖြစ်ကြောင်း

မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူလူထု၏ အပြည့်အဝထောက်ခံမှုကို ရရှိထားပြီးဖြစ်ခြင်းကြောင့်အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေးတိုက်ပွဲ အနိုင်ရမည်မှာ သေချာကြောင်းဒုတိယသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို  ယခုထက်ပိုမိုရရှိနိုင်ရေးကြိုးပမ်းနေခြင်းကြောင့် အောင်မြင်မှုရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *