ခိုင်သင်းကြည်ခင်ပွန်း ကိုခန့်နိုင် ဖမ်းဆီးခံရခြင်း၏ အကြောင်းအရာ

ခိုင်သင်းကြည် ဟာ အောင်မြင်ပျော်ရွှင်တဲ့ အိမ် ထောင်ရေးခရီးကို လျှောက်လှမ်းနေပြီးတော့ သမီးချောလေးကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ စီး ပွားရေးလုပ်ငန်းတွေကို အတူတကွလုပ်ကိုင်နေလျှက်ရှိပြီး သာယာငြိမ်းချမ်းတဲ့မိသားစုလေးကို ထူ ထောင်ထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခိုင်သင်းကြည်တို့မိသားစုနဲ့ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းလေးတစ်ပုဒ်ကို မျှဝေပေးပါရစေ။ မနေ့က ဧပြီလ ၂၇ ရက်နေ့ ညပိုင်းလောက်မှာ ဧည့် စာရင်းစစ်မယ်လို့အကြောင်းပြပြီး စစ်ကောင်စီတပ်သားတွေ နေအိမ်ထဲဝင်ဖမ်းတာကို သမီးဖြစ်သူ စံထိပ်ထားဦး က သူရဲ့ လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီနောက် “ဖေဖေ့ကိုခေါ်သွားပါပြီ” လို့ စိတ်မကောင်းစွာ ရေးသားထားတာကို တွေ့ရပါတယ်။ ခိုင်သင်းကြည်ကတော့ အိမ်မှာမရှိလို့ ခင်ပွန်းဖြစ်သူ တစ်ယောက်ပဲ ဖမ်းဆီးခံခဲ့ရပါတယ်။

ခိုင်သင်းကြည်ကို စစ်ကောင်စီက ပြီးခဲ့တဲ့မတ်လထဲမှာ လူမှုထူးချွန်ဆု ပေးခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်ရုပ်သိမ်းခဲ့တာပါ။

စစ်ကောင်စီ အတွက် လော်ဘီ လုပ်ပေးနေတဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ် အကောင့်မှ ဒီကနေ့ ၂၇ ရက်နေ့ မနက်ပိုင်း မှာတင် ကိုခန့်နိုင်ကို ဖမ်းဆီးဖို့ အိမ်လိပ်စာပါ တင်ခဲ့ပြီးနောက် ညဘက်မှာ ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ခိုင္သင္းၾကည္ခင္ပြန္း ကိုခန့္နိုင္ ဖမ္းဆီးခံရျခင္း၏ အေၾကာင္းအရာ

ခိုင္သင္းၾကည္ ဟာ ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ အိမ္ ေထာင္ေရးခရီးကို ေလွ်ာက္လွမ္းေနၿပီးေတာ့ သမီးေခ်ာေလးကိုလဲ ပိုင္ဆိုင္ထားပါေသးတယ္။ ခင္ပြန္းျဖစ္သူနဲ႕အတူ စီး ပြားေရးလုပ္ငန္းေတြကို အတူတကြလုပ္ကိုင္ေနလွ်က္ရွိၿပီး သာယာၿငိမ္းခ်မ္းတဲ့မိသားစုေလးကို ထူ ေထာင္ထားတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ခိုင္သင္းၾကည္တို႔မိသားစုနဲ႕ပတ္သက္ၿပီး စိတ္မေကာင္းစရာ သတင္းေလးတစ္ပုဒ္ကို မွ်ေဝေပးပါရေစ။ မေန႕က ဧၿပီလ ၂၇ ရက္ေန႕ ညပိုင္းေလာက္မွာ ဧည့္ စာရင္းစစ္မယ္လို႔အေၾကာင္းျပၿပီး စစ္ေကာင္စီတပ္သားေတြ ေနအိမ္ထဲဝင္ဖမ္းတာကို သမီးျဖစ္သူ စံထိပ္ထားဦး က သူရဲ႕ လူမႈကြန္ရက္ကေန တိုက္ရိုက္ထုတ္လႊင့္ခဲ့ပါတယ္။

အဲဒီေနာက္ “ေဖေဖ့ကိုေခၚသြားပါၿပီ” လို႔ စိတ္မေကာင္းစြာ ေရးသားထားတာကို ေတြ႕ရပါတယ္။ ခိုင္သင္းၾကည္ကေတာ့ အိမ္မွာမရွိလို႔ ခင္ပြန္းျဖစ္သူ တစ္ေယာက္ပဲ ဖမ္းဆီးခံခဲ့ရပါတယ္။

ခိုင္သင္းၾကည္ကို စစ္ေကာင္စီက ၿပီးခဲ့တဲ့မတ္လထဲမွာ လူမႈထူးခြၽန္ဆု ေပးခဲ့ၿပီးေနာက္ ရက္ပိုင္းအတြင္းမွာပဲ ျပန္လည္႐ုပ္သိမ္းခဲ့တာပါ။

စစ္ေကာင္စီ အတြက္ ေလာ္ဘီ လုပ္ေပးေနတဲ့ ဟန္ၿငိမ္းဦး တယ္လီဂရမ္ အေကာင့္မွ ဒီကေန႕ ၂၇ ရက္ေန႕ မနက္ပိုင္း မွာတင္ ကိုခန႔္နိုင္ကို ဖမ္းဆီးဖို႔ အိမ္လိပ္စာပါ တင္ခဲ့ၿပီးေနာက္ ညဘက္မွာ ဖမ္းဆီးခံရတာလည္း ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.