ပြည့်သူအချစ်တော် အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင်ရဲ့ ဘဝ အကြောင်း

မြန်မာ့ရုပ်ရှင်လောကထဲက ထင်ရှားလှတဲ့ မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အားလုံးက ချစ်စနိုးနဲ့ အူဝဲလို့ ခေါ်ကြတဲ့ သူမကိုတော့ ၁၉၇၇ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

မိဘတွေကတော့ ဦးကျော်ဇင်နဲ့ ဒေါ်မြသီတာတို့ပဲ ဖြစ်ပါတယ်။ မွေးချင်းသုံးဦးရှိပြီး သူမကတော့ အငယ်ဆုံးဖြစ်ပါတယ်။ သူမရဲ့ဇာတိကတော့ ရန်ကုန်မြို့ ဖြစ်ပါတယ်။ သူမရဲ့မိဘမျိုးရိုးကို ကြည့်မယ်ဆိုရင်တော့ သူမဟာ ယနေ့အထိထင်ရှားကျော်ကြားဆဲဖြစ်တဲ့ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ တူမဖြစ်ပါတယ်။

ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်ဇေယျရဲ့ မြေးတော်စပ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားကြီးကောလိပ်ဂျင်နေဝင်းဟာ သူမရဲ့ ဦးလေးဖြစ်ပြီး ရာဇာနေဝင်း၊ ပိုင်ဇေရဲထွန်းတို့နဲ့ မောင်နှမဝမ်းကွဲ တော်စပ်ပါတယ်။ ကြော်ငြာမော်ဒယ်တစ်ဦးအနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ် တစ်နှစ်ထဲမှာပဲ အဖြူရောင်အတ္တ၊ ကျွန်တော် ကျွန်မတို့သည်၊ နှလုံး သားလျှို့ဝှက်ခန်းစတဲ့ ရုပ်ရှင်ကားကြီး သုံးကားမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။

ယနေ့အချိန်အထိ သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ရာနဲ့ချီပြီးတော့ ရှိခဲ့ပါတယ်။ တီဗွီကြော်ငြာတိုင်းလိုလိုမှာ နေရာယူထားပြီး လျှမ်းလျှမ်းတောက်အောင် မြင်ခဲ့တဲ့ သူမဟာ ၂၀၀၄ ခုနှစ်မှာ မျက်နှာများတဲ့ကောင်းကင် ဆိုတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ပထမအကြိမ် ရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံ၊ ၂၀၁၃ ခုနှစ်မှာ အဖြူရောင်ရဲတိုက်၊ ၂၀၁၅ ခုနှစ်မှာ မောင့်အိမ်သူဇာတ်ကားတွေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပေမယ့် အကယ်ဒမီရရှိခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်မှာတော့ရင်ဘတ်ထဲကဓားဇာတ်ကားနဲ့ အ ကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ထပ်မံဆွတ်ခူးခဲ့ပါတယ်။

သူမရဲ့ မိသားစုဘဝကို ဖော်ပြရမယ်ဆိုရင်တော့ သူမဟာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှာ နိုင်ငံကျော်မင်းသားတစ်ဦး ဖြစ်တဲ့ ပြေတီဦးနဲ့ မင်္ဂလာပွဲကို ခြိမ့် ခြိမ့်သဲ ကျင်းပပြီး လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ သားသမီးနှစ်ဦးထွန်းကားခဲ့ပြီး သူမရဲ့ ရင်သွေးလေးတွေကတော့ ပြေသုဒြာနဲ့ ပြေဒီရ တို့ပဲ ဖြစ်ပါတယ်။

သူမဟာ ပန်းချီဆွဲရတာကို ဝါသနာပြီး အပျော်တမ်း ပန်းချီဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့ အနုပညာမှတ်ကျောက်တစ်ခုအနေနဲ့ သူမဟာ ၂၀၀၁ခုနှစ်မှာ ပြင်သစ်နိုင်ငံ Dealnile မြို့မှာကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ျပည့္သူအခ်စ္ေတာ္ အကယ္ဒမီဆုရွင္ အိႏၵျာေက်ာ္ဇင္ရဲ႕ ဘဝ အေၾကာင္း

ျမန္မာ့႐ုပ္ရွင္ေလာကထဲက ထင္ရွားလွတဲ့ မင္းသမီးေတြထဲက တစ္ဦးျဖစ္တဲ့ ထပ္ဆင့္အကယ္ဒမီ အိႏၵျာေက်ာ္ဇင္ရဲ႕ အေၾကာင္းကို တင္ဆက္ေပးသြားမွာပဲ ျဖစ္ပါတယ္။ အားလုံးက ခ်စ္စနိုးနဲ႕ အူဝဲလို႔ ေခၚၾကတဲ့ သူမကိုေတာ့ ၁၉၇၇ခုႏွစ္၊ ဧၿပီလ ၂၄ရက္ေန႕မွာ ေမြးဖြားခဲ့ပါတယ္။

မိဘေတြကေတာ့ ဦးေက်ာ္ဇင္နဲ႕ ေဒၚျမသီတာတို႔ပဲ ျဖစ္ပါတယ္။ ေမြးခ်င္းသုံးဦးရွိၿပီး သူမကေတာ့ အငယ္ဆုံးျဖစ္ပါတယ္။ သူမရဲ႕ဇာတိကေတာ့ ရန္ကုန္ၿမိဳ႕ ျဖစ္ပါတယ္။ သူမရဲ႕မိဘမ်ိဳးရိုးကို ၾကည့္မယ္ဆိုရင္ေတာ့ သူမဟာ ယေန႕အထိထင္ရွားေက်ာ္ၾကားဆဲျဖစ္တဲ့ စာေရးဆရာႀကီး ဒဂုန္တာရာရဲ႕ တူမျဖစ္ပါတယ္။

ရဲေဘာ္သုံးက်ိပ္အဖြဲ႕ဝင္ ဗိုလ္ေဇယ်ရဲ႕ ေျမးေတာ္စပ္သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ မင္းသားႀကီးေကာလိပ္ဂ်င္ေနဝင္းဟာ သူမရဲ႕ ဦးေလးျဖစ္ၿပီး ရာဇာေနဝင္း၊ ပိုင္ေဇရဲထြန္းတို႔နဲ႕ ေမာင္ႏွမဝမ္းကြဲ ေတာ္စပ္ပါတယ္။ ေၾကာ္ျငာေမာ္ဒယ္တစ္ဦးအေနနဲ႕ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့ၿပီး ၁၉၉၉ ခုႏွစ္ တစ္ႏွစ္ထဲမွာပဲ အျဖဴေရာင္အတၱ၊ ကြၽန္ေတာ္ ကြၽန္မတို႔သည္၊ ႏွလုံး သားလွ်ို႔ဝွက္ခန္းစတဲ့ ႐ုပ္ရွင္ကားႀကီး သုံးကားမွာ ပါဝင္ရိုက္ကူးခဲ့ပါတယ္။

ယေန႕အခ်ိန္အထိ သူမရိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေပါင္း ရာနဲ႕ခ်ီၿပီးေတာ့ ရွိခဲ့ပါတယ္။ တီဗြီေၾကာ္ျငာတိုင္းလိုလိုမွာ ေနရာယူထားၿပီး လွ်မ္းလွ်မ္းေတာက္ေအာင္ ျမင္ခဲ့တဲ့ သူမဟာ ၂၀၀၄ ခုႏွစ္မွာ မ်က္ႏွာမ်ားတဲ့ေကာင္းကင္ ဆိုတဲ့ ဇာတ္ကားနဲ႕ အေကာင္းဆုံးအမ်ိဳး သမီးဇာတ္ေဆာင္ဆုကို ပထမအႀကိမ္ ရရွိခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္မွာ ႀကိဳးၾကာေတာင္ပံခတ္သံ၊ ၂၀၁၃ ခုႏွစ္မွာ အျဖဴေရာင္ရဲတိုက္၊ ၂၀၁၅ ခုႏွစ္မွာ ေမာင့္အိမ္သူဇာတ္ကားေတြနဲ႕ အကယ္ဒမီဆန္ကာတင္ စာရင္းဝင္ခဲ့ေပမယ့္ အကယ္ဒမီရရွိခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။ ၂၀၁၇ ခုႏွစ္မွာေတာ့ရင္ဘတ္ထဲကဓားဇာတ္ကားနဲ႕ အ ေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ထပ္မံဆြတ္ခူးခဲ့ပါတယ္။

သူမရဲ႕ မိသားစုဘဝကို ေဖာ္ျပရမယ္ဆိုရင္ေတာ့ သူမဟာ ၂၀၁၁ ခုႏွစ္၊ ဇန္နဝါရီလ ၁ရက္ေန႕မွာ နိုင္ငံေက်ာ္မင္းသားတစ္ဦး ျဖစ္တဲ့ ေျပတီဦးနဲ႕ မဂၤလာပြဲကို ၿခိမ့္ ၿခိမ့္သဲ က်င္းပၿပီး လက္ထပ္ထိမ္းျမားခဲ့ပါတယ္။ သားသမီးႏွစ္ဦးထြန္းကားခဲ့ၿပီး သူမရဲ႕ ရင္ေသြးေလးေတြကေတာ့ ေျပသုျဒာနဲ႕ ေျပဒီရ တို႔ပဲ ျဖစ္ပါတယ္။

သူမဟာ ပန္းခ်ီဆြဲရတာကို ဝါသနာၿပီး အေပ်ာ္တမ္း ပန္းခ်ီဆရာမတစ္ဦးလည္း ျဖစ္ပါတယ္။ ထူးျခားတဲ့ အႏုပညာမွတ္ေက်ာက္တစ္ခုအေနနဲ႕ သူမဟာ ၂၀၀၁ခုႏွစ္မွာ ျပင္သစ္နိုင္ငံ Dealnile ၿမိဳ႕မွာက်င္းပတဲ့ ႐ုပ္ရွင္ပြဲေတာ္ႀကီးမွာ ျမန္မာနိုင္ငံ ကိုယ္စားျပဳအျဖစ္ တက္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။

Leave a Reply

Your email address will not be published.