ပြည်သူသန်း၅၀ကျော်အတွက် အောင်ပွဲတွေလာပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး သတင်းစကားပါး

မေ၂၆ရက်

ပြည်သူသန်း၅၀ကျော်အတွက် အောင်ပွဲတွေလာပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး သတင်းစကားပါးပြောကြားလိုက်ပါတယ်။

မေလ၂၆ရက်မှာ လူမှုကွန်ရက်ကနေ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကရေးသားပြောကြားခဲ့ပါတယ်။

ရက်ပိုင်း၊လပိုင်းအတွင်းမှာ အားလုံးအနေအထားတွေပြောင်းပြန်ဖြစ်သွားနိုင်တယ်။အပေါ်ကအောက်၊ အောက်ကအပေါ်၊ဖိသူကခံရသူ၊ခံရသူက ဖိသူ အဲဒီလိုဖြစ်ရင် ကိုယ်ဘယ်နေရာမှာနေပြီး ဘာလုပ်မလဲဆိုတာ ပြင်ဆင်ထားဖို့လိုတယ်။။ ပြည်သူကအဆုံးအဖြတ်ပေးမယ်။အားလုံးပြင်ဆင်ထားကြ၊ပြည်သူ့တော်လှန်ရေး၊ပြည်သူ့အရေးတော်ပုံ အရှိန်အဟုန်နဲ့လာပြီ။အလှည့်ကျ မနွဲ့မစတမ်း။ပည်သူသန်း၅၀ကျော်အတွက်အောင်ပွဲတွေလာပြီ။တိုက်မောင်းသံစောင့်ရင်း ဓားသွေးကြလို့ဆိုပါတယ်။

ဒါ့အပြင် စားစရာနဲ့ဆေးဝါးများလည်း စုထားဖို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာ စစ်အာဏာရှင် စနစ်ကို ခုခံကာကွယ်တဲ့ ခုခံမှုတွေကို ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်နဲ့ကယားပြည်နယ်စတဲ့နေရာတွေမှာ စတင်နေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *