မောင်ဖြစ်သူဂျွန်ဂိုနဲ့ တူတဲ့ သားငယ်လေးကိုကြည့်ပြီး မောင်ဖြစ်သူကို သတိရနေရှာတဲ့ မြသင်းချယ်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ် ဆောင်မြသင်းချယ်ကသားအငယ်ဆုံးလေးက မောင်လေးဖြစ်သူ ဂျွန်ကိုနှင့် စိတ်နေစိတ်ထားရောရုပ်ရောအကုန်တူတဲ့အကြောင်းကိုအခုလိုရင်ဖွင့်လာခဲ့ပါတယ်နော်။

သရုပ်ဆောင်မြသင်းချယ်ကအိမ်ကအသက်အကြီးဆုံးလေးကသူ့မှာရှိတဲ့ပိုက်ဆံအိတ်လေးတကိုင်ကိုင်နဲ့ ကို ကိုနဲ့မာမား ကိုယ်သားရေခဲမုန့်ဝယ်ကျွေးမယ် တဲ့၊ သူ့မမတွေကိုလဲ မမဆု မမသင်း ဘာမှမလုပ်နဲ့လက်ဆေးတော့ သားရေခဲမုန်ဝယ်ကျွေးမယ်လာလာ တဲ့ သူ့မမသင်းက ငယ်ရယ် မမသင်းရေခဲမုန့်မစားချင်ဘူး မသင်းကိုသွားတိုက်ဆေးဝယ်ပေးနော် ဆိုပြီးမောင်နှမတွေတိုးတိုးလုပ်နေကြတယ်။

အောက်ကဆိုင်ရောက်တော့ မမသင်း သွားတိုက်ဆေးယူမှာလား ယူလေ ရေခဲ့မုန့်လဲယူ ကိုကို မာမားနဲ့ မမတို့အားလုံး ရေခဲမုန့်မစားပဲ ရေခဲချောင်းကို (600)တန်စားကြတယ်၊မမသင်းက(300)တန်ပဲစားတယ်၊ဆရာကြီးကကျသင့်ငွေရှင်းတယ်၊အပေါ်ရောက်တော့ ရေခဲ ချောင်းစားကြတယ်ပေါ့လေ၊

သူ့မမသင်းရေခဲချောင်းကအားလုံးနဲ့ပုံစံမတူတာတွေ့တော့ ဘာလို့အတူတူမဟုတ်တာလဲလို့သူမေးတယ် သွားတိုက်ဆေးလဲဝယ်တော့ မမ(600)တန်စားရင်မောင်လေးပိုက်ဆံကုန်မှာဆိုးလို့(300)တန်ပဲယူလာစားတာ လို့လဲပြောရော လူကြီးကဆူတာ ဆူတာဆိုတာလေ၊မပြီးနိုင်အောင်ကိုဆူခံထိတော့တာ၊

သားကစားစေချင်တာကို ကုန်တော့ဘာဖြစ်လဲစားရင်ကုန်မှာပေါ့ နောက်မကျွေးပဲထားမှ မှတ်မှာလားအများကြီးပဲပြောဆူနေတာ သူ့ပုံလေးကြည့်ပြီး တယောက်ထဲသော မောင်လေး ကိုမျက်လုံးထဲမှာမြင်နေမိတယ်မျက် လုံးမျက်ခုံး မျက်နှာ ဆံပင် အသားအရည်တင်တူတာမဟုတ်ဘူး စိတ်ကလေးပါ တပုံစံထဲလေးပါလား သားငယ်ရယ်။

သူ့လေးလေးဂျွန်ဆိုလဲ လူတယောက်ကိုချစ်ပြီ သံယော ဇဉ်ရှိပြီဆို အရှေ့မှာ အကောင်းဘယ်တော့မှမပြောဘူးအမြဲအပစ်ပဲဖြစ်နေသလိုနဲ့ ကြိတ်ချစ်တာခု သူလေးလဲတပုံထဲ သူ့မမတွေကိုတချက်မှ အကောင်းမပြောဘူးမာမားကသူ့အမတွေကိုဆူပြီဆို ကာဆီး ကာဆီးကလုပ်သေးတာ။

ဒီနေ့သူ့အမကိုယ်ဂရုဏာဒေါသောနဲ့ဆူနေတာလေးကိုကြည့်ပြီး သာဓုခေါ်ပါတယ်သားလေးရယ်မင်း လေးလေးဂျွန်သာရှိရင်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)









Leave a Reply

Your email address will not be published.