နိုင်ငံပေါင်း ၁၀၀ ကျော်က အနုပညာရှင်တွေနဲ့ တွဲပြီး သီချင်းဆိုခွင့်ရခဲ့လို့ ဂုဏ်ယူနေတဲ့ ဂရေဟမ်

ဂရေဟမ်ဟာဆိုရင်တော့တစ်ခေတ်တစ်ခါက အနုပ ညာနယ်ပယ်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး အခုအချိန်အထိလည်း အောင်မြင်မှုတွေရှင်သန်နေဆဲအဆိုတော်တစ်ယောက်လို့ဆိုရမှာပါ။

ဂရေဟမ်ဟာ ချစ်သမီးပန်းရောင်ခြယ်လေးနဲ့ Wake Up Daddy ဆိုတဲ့ အခွေလေးထွက်ပြီး ဒီဘက်ခေတ်ဂီတလောကက ပရိသတ်တွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်နော်။

ဒီနေ့မှာတော့ အဆိုတော်ဂရေဟမ်ကနိုင်ငံပေါင်း (၁၀၀) ကျော်က အနုပညာရှင်တွေနဲ့ ပေါင်းပြီးဖန်တီးထားတဲ့သီချင်းမှာပါဝင်ခွင့်ရလို့ ဂုဏ်ယူကြောင်းပြောလာတာလည်းဖြစ်ပါတယ်။

အဆိုတော်ဂရေဟမ်က ONE HUMAN သီချင်းလေးမှာပါဝင်ဖို့ U.S. က singer-songwriter/producer Graham Czach က 2020 နှစ်လည်မှာ စတင်ကမ်း လှမ်းခဲ့လို့ ပါဝင်သီဆိုခဲ့ပါတယ်။ 2021 July မှာထွက်ရှိခဲ့ပြီးအခုအမှတ်တရအဖြစ်တင်လိုက်ပါတယ်။

ဒီသီချင်းလေးရဲ့ထူးခြားချက်ကတော့နိုင်ငံပေါင်း 110 ကမ္ဘာတစ်ဝှမ်းကအနုပညာရှင်ပေါင်း 123 ယောက်က ပါဝင်ဖန်တီးထားကြတာဖြစ်ပြီး UNICEF အတွက် fundraising project လေးလဲဖြစ်ပါတယ်။ဒီသီချင်းလေးမှာ ပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာဂုဏ်ယူပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.