နောက်မီးလင်းနေတဲ့ ဒိန်းဒေါင်အကြောင်းကို ချပြလာတဲ့ ဇနီးဖြစ်သူ

ပရိသတ်ကြီးရေ ဟာသလူရွှင်တော် ဒိန်းဒေါင်ဆိုရင် လူငယ်တွေသာမက လူကြီးတွေပါ သိကြပါတယ် ဘာကြောင့်လဲဆိုတော့ အငြိမ့်သဘင်တွေသာမက ဗွီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေ အတော်လေးရင်းနှီးနေတာဖြစ်ပါတယ်

ဒိန်းဒေါင်ဟာ ခင်လှိုင်နဲ့အတွဲညီစွာ ဟာသဇာတ်ရုပ်တွေကိုဖော်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အား ပေးလက်ခံမှုကို ပိုပြီးရရှိခဲ့ပါတယ် ဒိန်းဒေါင်မှာ တရား ဝင်ဇနီးရှိပြီး မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်

သို့ပေမဲ့ အခုမှာတော့ သူရဲ့ဇနီးဖြစ်သူက ဒိန်းဒေါင်ရဲ့နောက်ကွယ်က ဖောက်ပြန်မှုတွေကို ချပြလာခဲ့ပါတယ် သူမရဲ့ခံစားချက်တွေကိုလည်း အခုလိုရေးသားဖော်ပြထားပါတယ်

” လက်စွပ်ကို ကိုယ်တိုင်တောင်လိုက်လုပ်ပေးတယ်လား သိပ်ချစ်တတ်တာပဲနော် လုပ်ချင်တာသာလုပ်ပါ တစ်နေ့ပေါ့ ” ငါမမြင်နိုင်တဲ့ငါ့နောက်ကျောကိုမှ ရွေးပြီးထိုးတဲ့မင်းတို့ရဲ့ဓားနဲ့ မင်းရဲ့ဘယ်ဘက်ရင်အုံတည့်တည့်ကိုပြန်ပြီးမထိုးမိစေနဲ့ကွာ

မင်းတို့အတွက်စိုးရိမ်လို့ပါ ကျန်းမာရေးတွေလဲ ဂရုစိုက်ကြ ” ဆိုပြီး ရေးသားထားတာကို ပေါ်ပင်စုံပရိသတ်ကြီးအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.