အဓိပ္ပါယ်များစွာ ပါတဲ့ ပန်းချီကား တစ်ချပ် ရေးဆွဲထားတဲ့ ပိုင်တံခွန်

ကြည်လင်တောက်ပတဲ့ အပြုံး၊စူးရှကြည်လင်တဲ့ မျက် ဝန်းတစ်စုံ ၊ မိမိုက်တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ် ၊မျက် နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုနဲ့ ပြည့်စုံ ပိုင်ဆိုင်ထားပြီး အမြဲစမတ်ကျနေတတ်တဲ့ ပိုင်တံခွန်ကတော့ဆယ် ကျော်သက်မိန်းမလှလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံက ပရိသတ်တင်မကဘဲ နိုင်ငံခြားက ပရိသတ်တွေ ကြားထဲမှာပါအောင်မြင်တဲ့ မင်းသားတလက် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်နော်။အလုပ်တွေ ကြိုးစားလုပ်ကိုင်သလို သူရဲ့မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလေးတစ်ယောက် ဖြစ်ပါတယ်။

ပိုင်တံခွန် ဟာ နိုင်ငံရေးလှုပ်ရှားမှုများမှာပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီးသိပ်မကြာခင် ကာလက မှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပိုင်တံခွန် ပြန်လည်လွတ်မြောက်လာခြင်းအပေါ် မြန်မာတွင်သာမက နိုင်ငံတကာကပရိတ်သတ်တွေကလည်းဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။ ပိုင်တံခွန်ဟာ အခုနောက်ပိုင်းမှာ ပွဲတက်တာတွေရပ်နားခဲ့တဲ့အတွက်ပရိတ်သတ်တွေမှာ ယခင်ထက်ပိုမိုအချစ်ပိုခဲ့ကြရပါသေးတယ်။

ဒီကနေ့မှာလည်းပိုင်တံခွန်ဟာ ပထမဦးဆုံး ပန်းချီပြန်ဆွဲတဲ့အထိမ်းအမှတ်ပုံလေးကို လူမှုကွန်ယက်ပေါ်မှာတင်လာတာဖြစ်ပါတယ်။ ပန်းချီကားရဲ့အဓိပ္ပာယ်ကိုတော့ဖော်ပြခြင်းမရှိခဲ့ပါဘူး။

အဓိပ္ပာယ်များစွာနဲ့ ရေးဆွဲထားခဲ့တဲ့ ပန်းချီကားကို ပရိတ်သတ်တွေအနေနဲ့လည်းကြည့်ရှုခံစားနိုင်စေဖို့ဖော်ပြလိုက်ရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.