တော်လှန်ရေး ကြီး အောင်မြင်ပြီးတာနဲ့ အလိုချင်ဆုံး နေရာတစ်ခု ကိုပြောလာတဲ့ ပန်ဆယ်လို
အခြားရာထူးတော့ မဟုတ်ဘူး။ အခြား ဘာရာထူးမှလည်း မလိုချင်ဘူး။ စစ်ခွေးဘောမတွေကို နှိပ်ကွပ်ရေးရာဝန်ကြီးဌာနမှာ အကြီးဆုံးကောင်ဖြစ်ချင်တာ။ ကျွန်းတစ်ကျွန်းမှာ ဒီကောင်တွေကို စုထားမယ်။ မိုး လင်းလာရင် အိုင့်စောက်သံကြီးနဲ့ “ မအေးလိုတွေ ထ” ဆိုတာနဲ့ နိုးရမယ်။ တစ်နေကုန် ထိုင်ပြီး အိုင်ပြောသမျှ ပွါးသမျှ နားထောင်ရမယ်။
မိုးလင်းမိုးချုပ် နင်တို့ထောက်ခံခဲ့တဲ့ကောင်တွေက ဘယ်လို စောက်ဆင့်စောက်တန်းတွေ ဖြစ်တဲ့အတွက် နင်တို့ဟာလည်း ဘယ်လောက် စောက်ဆင့်စောက်တန်းနိမ့်ကြောင်း ထိုင်ပြောမယ်။
ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာမျိုး မလုပ်ဘူး။ လက်ဖျားနဲ့တောင် မထိဘူး။ ရွံလို့။ ဒါမျိုးက လူ့အခွင့်အရေးနဲ့ မညီဘူး မဟုတ်လား။ မသကာ ခြေ သ လုံးမွှေး ဆယ်ပင်တစ်စည်း ထိုင်စည်းခိုင်းတာတို့၊ ဝယ်လ်သာမကောင်းရင် ဖြုတ်လဲခိုင်းတာတို့၊ ကြက်ဆူပင် စိုက်ခိုင်းတာတို့လောက်ပဲ။
မိုးလင်း မိုးချုပ် အလုံးပေါင်းစုံနဲ့ မိန့်မိန့်ကြီး ထိုင်ပြောမှာ။ စောက်ခွက်တွေကို ကြည့်ကြည့်ပြီး ထိုင်ဆဲမှာ။ သေပါရစေတော့လို့ ကိုယ့်ဖာသာ တောင်းဆိုလာတဲ့အထိကို ကိုယ့်ပိုင်နိုင်မှု ကိုယ်ယုံပြီသား။
ပြန်လည်ထူထောင်ရေးအတွက် ငွေရအောင် ကျွန်းကို One Day Tour တွေ ဆွဲမယ်။ တစ်နေ့စာ ထိုင်ဆဲ ပက်ကေ့ချ်တွေ မျိုးစုံထုတ်ရောင်းမယ်။ ပြည်ပဝင်ငွေရ အောင် ပြည်ပက ခရီးသွားတွေကိုပါ ငွေယူပြီး ဆဲခိုင်းမယ်။
လူ့အခွင့်အရေးနဲ့အညီ စောက်ခွက် သရေပင် ပစ်တမ်းတို့ဘာတို့ ပေါ့ပေါ့ပါးပါးလေးတွေ ပေးဆော့မယ်လေ။ တစ်ပတ်တစ်ခါ စစ်ခွေးနဲ့ ကြံ့ဖွတ် နှစ်ဖွဲ့ခွဲပြီး လက် ဝှေ့ပွဲ ကျင်းပမယ်။ ဘယ်ဘက်ကထိုးထိုး ငါတို့ နိုင်တယ်လေ။ပရီမနဲ့ အစိမ်းသေမတွေ အမွှေးချင်းချည် ဆောင့်ဆွဲခိုင်းမယ်။ အရင်အမွှေးကျွတ်တဲ့ဟာမငါ့ထမိန်လျှော်ရမယ်။စစ်ကြောရေးကကောင်တွေအတွက်တော့ ဒီမှာရေးမရတဲ့ အထူးအစီအစဉ်တွေပါမယ်။
မိုးလင်းမိုးချုပ် ငါထိုင်ပြောမယ်။ အာညောင်းလာရင် ဖေ့စ်ဘုတ်က ငါရေးထားတဲ့ ဆယ်နှစ်စာ စတေးတပ်စ်တွေ အစအဆုံး ပြန်ဖတ်ပြခိုင်းမယ်။ တစ်နေ့ ဆယ့်တစ်ပုဒ် အလွတ်ကျက်ပြီး ပြန်ဆိုပြခိုင်းမယ်။ စာမထစ်တဲ့ကောင် ခြေမပေးစုပ်မယ်။ ဒီရာထူးသာ ရလို့ကတော့ တစ်ဘဝလုံးနှစ်မြှုပ်ပြီး စိတ်ပါလက်ပါ အလုပ်လုပ်မှာ။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Leave a Reply
Your email address will not be published.