တိုက်ပွဲတိုင်း အောင်မြင်မှုရလာတာနဲ့အမျှ အဓိကလို အပ်ချက် ကို ပြောပြလာတဲ့ ဒါရိုက်တာ ကိုပေါက်
ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အနုပညာလောကမှာနေရာတစ်နေရာရရှိထားတဲ့သူကတော့ ကိုပေါက် ပဲဖြစ်ပါတယ်။သူကတော့ အကြမ်းအနုကာရိုက်တာပေါင်းစုံ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။
ဇာတ်ပို့သရုပ်ဆောင်အဖြစ် လူသိများတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးသရုပ်ဖော်တဲ့ဒါရိုက်တာတစ်ဦးအနေနဲ့လဲ အနုပညာလောကမှာ နာမည်ကြီးကျော် ကြားခဲ့ပါတယ်။ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေဘက်ကနေ မား မားမတ်မတ်ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေတော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေသွေးမအေးသွားစေဖို့အတွက်လဲအ ချိန်တိုင်းနှိုးဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။
ဒီနေ့မှာလဲ ပြည်သူတွေကို သွေးမကွဲ၊သွေးမအေးဖို့ လို အပ်တဲ့အကြောင်းကို ” ကျနော်တို့ပြည်သူတွေကိုစစ်အာဏာရှင်က လက်နက်ကိုင်လမ်းစဉ်ကိုကျင့်သုံးဖို့ တွန်းပို့ခဲ့တယ်။
အရင်က ပြည်သူ့တော်လှန်ရေးက ခုခံတော်လှန်စစ်ဖြစ်တယ်။အခုတော့ ပြည်သူ့တော်လှန်ရေးက တိုက်စစ်ဆင်တော်လှန်ရေးကို အကောင်အထည်ဖော်ဆောင်နေပြီးအောင်ပွဲတွေလည်း တစ်ခုပြီးတစ်ခုရရှိလာပြီဖြစ် သည်။ အားလုံး ညီညွတ်ကြဖို့ပဲလိုပါတယ်။
သွေးကွဲဖို့ မစဉ်းစားနဲ့။ သွေးခွဲတာကိုလက်မခံနဲ့။ ကျနော်အဆင်ပြေပါတယ်။ခင်ဗျားတို့ အဆင်မပြေမှာပဲစိုးတာ” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ တစ်ဆင့်ရေးသားထားတာကို တွေ့ရပါတယ်နော်။ကဲပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ အောင်ပွဲတွေတစ်ခုပြီးတစ်ခုရလာပြီဖြစ်တာကြောင့် သွေးမကွဲပဲ ညီညွတ်ကြဖို့ ‌ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Leave a Reply
Your email address will not be published.