သောက်စရာရေမရှိ လို့ အကောင်ပလောင်တွေပါတဲ့ ရေတောင်သောက်ခဲ့ရတယ်ဆိုတဲ့ PDF လူငယ်များ

ဆုံးရှုံးနေရတဲ့သူတွေ များပြားလာတာနဲ့အမျှ ပြည်သူတွေကို ကာကွယ်ချင်စိတ်ရှိတဲ့ သူရဲကောင်းတွေကလည်း PDF အဖွဲ့တွေမှာ ပါဝင်လာကြတာ ဖြစ်ပါတယ်

အခုဆိုရင် မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီးမှာ ကိုယ့်မြို့ကိုယ့်ရွာကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြားရှိနေပြီ ဖြစ်ပါတယ်

PDF အဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးကလည်း သူ့ရဲ့ရည်ရွယ်ချက်နဲ့ဆန္ဒတစ်ချို့ကို ပြောပြခဲ့တာ ဖြစ်ပါတယ်

အသက် (၂၇) နှစ်အရွယ်ရှိတဲ့ အဲ့ဒီလူငယ်လေးကတော့ ဖေဖော်ဝါရီလကတည်းက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး ရှေ့တန်းကနေလည်း ပြည်သူတွေကိုကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ် Defender အဖြစ် တာဝန်ယူရင်းနဲ့ သူ့လက်ပေါ်မှာတင် အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရှိလာခဲ့တာကြောင့်ငါတို့ ဒီလိုပဲ ဆန္ဒလေးပြလိုက် လာဖြိုခွဲရင် ပြန်ပြေးလိုက် ကျန်ရစ်ခဲ့တဲ့သူက သေလိုက်နဲ့ ဆက်သွားလို့ရပါဦးမလားပေါ့ဆိုပြီး တွေးမိခဲ့တာ ဖြစ်ပါတယ်

ဒါကြောင့် သူ့အနေနဲ့ နောက်ဆုံးမှာတော့ အခုလို တောထဲတောင်ထဲမှာ အပင်ပန်းခံပြီး လေ့ကျင့်ရေးဆင်းနေတဲ့ PDF အဖွဲ့ဝင်တစ်ယောက် ဖြစ်လာကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ်

ဒီလိုအခြေအနေ ရောက်သွားတဲ့အခါမှာတော့ သူချစ်ရတဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ခွဲခွာပြီး အလုပ်တွေလည်းရပ်နားလိုက်ရတာ ဖြစ်ပါတယ်

ဒါ့အပြင်တောထဲမှာ ဒဏ်ရာရရင်တောင် အရွက်အုံပြီးနေရကြောင်း၊စားစရာမရှိလို့ ထမင်းငတ်ခဲ့ရတဲ့နေ့တွေလည်းရှိကြောင်း၊ ရေအရမ်းဆာတာကြောင့် အကောင်ပလောင်တွေပါတဲ့ရေတွေတောင် သောက်ခဲ့ရကြောင်းစသည်ဖြင့် သူတို့ကြုံတွေ့နေရတဲ့ ဒုက္ခတွေကိုလည်း ရင်ဖွင့်ထားပါသေးတယ်။ဒါပေမဲ့လည်း သူမျှော်မှန်းထားတဲ့အတိုင်း အရင်လိုဘဝလေးပြန်ရပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်


အချိန်မရွေး
အသက်ဆုံးရှုံးနိုင်သလို ကိုယ်လက်အင်္ဂါတွေပါ ဆုံးရှုံးနိုင်ခြေရှိမှန်းသိရက်နဲ့တောင် စွန့်လွှတ်အနစ်နာခံနေတဲ့ PDF အဖွဲ့ဝင်လူငယ်လေးရဲ့စာကိုဖတ်ပြီး ပြည်သူတွေပါစိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် အရင်းမြစ်-Myanmar load

Leave a Reply

Your email address will not be published. Required fields are marked *