ဝရမ်းပြေးဘဝက ကူညီကယ်တင်ပေးခဲ့သော ကျေး ဇူးရှင်ကို လက်အုပ်ချီကန်တော့နေတဲ့ ဗိုလ်ကြီး မင်းမော် ကွန်းနဲ့ ကိုရဲမင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခုမှာဆိုရင်တော့သရုပ် ဆောင်မင်းမော်ကွန်းနဲ့ကိုရဲမင်းကဝရမ်းပြေးဘဝတုန်းကကူညီပေးခဲ့တဲ့အသက်သခင်ကျေးဇူးရှင်ကိုလက် အုပ်ချီပြီးကန်တော့လိုက်တဲ့အကြောင်းကိုအခုလိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

၅၀၅ က ဖြင့် ဝရမ်းထုတ်ခံရလို့ ရှောင်တိမ်းခဲ့ရတဲ့ကိုကျော်နဲ့ ကျွန်တော့်ကို လုံခြုံစိတ်ချရတဲ့ နေရာရောက်အောင် ကူညီကယ်ထုတ်ပေးခဲ့ဖူးသောကျေးဇူးရှိသလို ခုချိန်ထိစောင့်ရှောက်ပေးနေဆဲဖြစ်သော ကျွန်တော်နဲ့ ကိုကျော်ရဲ့ ကျေးဇူးရှင်ကိုကြီးစိုးကို Video Call ဖြင့် ဂါဝရပြုကန်တော့ခဲ့သော ပုံရိပ်လေးပါ။

ယခုလို တော်လှန်ရေးကာလမှာ လုပ်စရာတွေ ရှိသေး တာမို့ ကိုကြီးစိုးတို့ ဇနီးမောင်နှံမျက်နှာ ကို ပိတ်ထားတာပါ တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေကို စင်ပေါ် မှာ ကျေးဇူးပြန်ဆပ်ကန်တော့တဲ့ အချိန်ကျရင်ရှေ့ဆုံးတန်းမှာ ထားပြီးကန် တော့ရမယ့် လေးစားစရာလူကြီးလူကောင်း ပုဂ္ဂိုလ်တစ်ဦးပါ။

ထို့အပြင် ကိုကြီးစိုးဟာ အကြမ်းဖက်စစ်ကောင်စီလက်ထဲ ကျရောက်ခါနီး NUG အစိုးရပိုင်းမှ လက်ရှိ ဒုဝန်ကြီးတစ်ဦးနဲ့ သူ့မိသားစုကို ကျွန်တော်နဲ့ ညှိနှိုင်း တိုင်ပင်ပြီး လွတ်မြောက်အောင် ကယ်ထုတ်ပေးခဲ့ဖူး သလို လုံခြုံစိတ်ချရသော နေရာတစ်ခုရသည်အထိကူညီပေးနိုင်ခဲ့ပါသေးတယ်။

လက်ရှိမှာလည်းအနုပညာရှင်အချို့နဲ့ CDM တွေ ထွက် ပြေးတိမ်းရှောင်လာသူတွေကို ကူညီမှုတွေပေးနေတဲ့ လူမျိုးမခွဲ ဘာသာမခွဲခြားတတ်တဲ့ စစ်အာဏာရှင်ကို လက်မခံသော ဘာသာခြားတစ်ဦးဖြစ်ပါတယ်။ ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.