မင်္ဂလာဆောင်ဖိတ်စာနဲ့တကွ ဘန်ကောက်မှာ ပြုလုပ်မဲ့ သူမရဲ့မင်္ဂလာဆောင်ကို ပြောပြလာတဲ့ မအေးသောင်း

မော်ဒယ်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက် လာကြတဲ့ အေးဝတ်ရည်သောင်းတို့ညီအစ်မတွေလို့ဆိုလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲနော်

ညီအစ်မ ၃ ယောက်လုံးကလည်း ချောလဲချောအသားအရည်လေးလဲ လှတဲ့အပြင် လူတိုင်းအားကျရလောက်တဲ့ ကိုယ်ခန္ဓာမျိုးနဲ့ အရပ်ကို ပိုင်ဆိုင်ထားကြတကြောင့်အပြစ်ပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ ဖြစ်ပါတယ်

အေးသောင်းကတော့ အနုပညာလောကကနေ ခနပျောက်သွားပြီးနောက်မှာတော့မြန်မာဆန်ဆန်လေးနဲ့ လှပကျက်သရေရှိစွာနဲ့ ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေက ချစ်မြဲချစ်ဆဲပါပဲနော်

မအေးသောင်းက ကြီးကျယ်ခမ်းနားတဲ့မဂ်လာပွဲကြီးကျင်းပတော့မှာဖြစ်ကြောင်း အခုလိုချပြလာခဲ့တာပဲဖြစ်ပါတယ်။မကြာခင်ကမှ social media မှာသူ့ချစ်သူနဲ့ရိုက်ကူးထားတဲ့prewedding ပုံတွေနဲ့ပုရိသတွေအသဲခွဲသွားခဲ့

သူ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်းကမေလ၂ရက်နေ့မှာချစ်သူ M Zaw Zaw Latt နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ CALVARY BAPTIST CHURGHမှာမနက်၉နာရီမှ၁ဝနာရီ၃ဝမိနစ်ထိလက်ထပ်ထိမ်းမြှားမှာဖြစ်ပါတယ်နော်။

မင်္ဂလာညစာစားပွဲကို GLASS HOUSE မှာ ညနေ ၆နာရီမှ ၈နာရီ၃ဝမိနစ်အထိကျင်းပမှာဖြစ်ပြီးပွဲတက်ဝတ်စုံအနေနဲ့ ပုံမှန်ပွဲတက်ဝတ်စုံအပြင်ကချင်ရိုးရာဝတ်စုံများနဲ့တက်ရောက်နိုင်တယ်လို့ရေးသားထားပါတယ်။မအေးသောင်းရဲ့မင်္ဂလာပွဲပုံရိပ်တွေကို ရင်ခုန်စွာနဲ့စောင့် မျှော်ကြည့်ရှုပေးကြရအောင်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.