ကိုဗစ်မပျောက်သေးတာ သိသိကြီးနဲ့ ဘာ စီမံချက်မှ မထားပဲ ကျောင်းဖွင့်တယ်လို့ NUGဝန်ကြီးကစစ်ကောင်စီအကြံကို ထုတ်ဖော်ပြောဆို

ကို ဗစ် ပျောက်သေးတာ သိသိကြီးနဲ့ ဘာ စီမံချက်မှ မထားပဲ ကျောင်းဖွင့်တယ်လို့ NUGဝန်ကြီးကစစ်ကောင်စီအကြံကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မေလအတွင်းမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။

ပညာရေး ဆိုတာ မနှောက်ယှက်ကောင်းတာမှန်ပေမယ့်၊ လက်ရှိ စစ်ကောင်စီဟာ ကို ဗစ်မပျောက်သေးတာ သိသိကြီးနဲ့ ဘာ စီမံချက်မှ မထားပဲ ကျောင်းဖွင့်ပါတယ်။

အကြောင်းကကျောင်းသူ/သားများ ရောဂါဖြစ်ချင်ဖြစ် သူတို့ရဲ့ အုပ်ချုပ်မှု ပုံမှန်ဖြစ်နေပါတယ် ဆိုတာကို နိုင်ငံတကာကို ပြချင်တာပါ။ ဒါကို နိုင်ငံရေးအတွက် အသုံးချ တယ်လို့ ခေါ်ပါတယ်လို့ဆိုပါတယ်။

အခြေခံပညာမှာ ကျောင်းပေါင်းငါးသောင်းကျော် ဆရာအင်အားသိန်းနဲ့ချီရှိပြီး ဆရာအများစုမှာCDMဝင်ထားကြပါတယ်။

“NUG ပညာရေးဝန်ကြီးဌာန အနေနဲ့ မကြာခင် Home School မူဝါဒများ ကို နိုင်ငံတကာ အဆင့်မှီ ဖြစ်အောင် ပြုစုပြီး ထုတ်ပြန်ပါလိမ့်မယ်။ ပညာရေး ဆိုတာ ဝါဒဖြန့်ချီရေးဌာန မဟုတ်ပါဘူး။

မည်သည့် နေရာ၊ မည်သည့် ပုံစံနှင့်မဆို ဆည်းပူးလေ့လာနိုင်ပါတယ်။ အဆင့်သတ်မှတ်ချက်လဲ ရှိရမှာပါ။မြန်မာ့ပညာရေးကို နိုင်ငံတကာအသိအမှတ်ပြုဖို့ NUG က ချိတ်ဆက်နေပါတယ်။

စစ်ကောင်စီအနေနဲ့ ပညာရေးကို တကယ်အားပေးတာမှန်ရင်NUG ရဲ့ Home School Program ကို နှောက်ယှက်မှာ မဟုတ်ပါဘူး။ ပညာရေးဝန်ထမ်းများကိုလဲ အရေးယူမှာမဟုတ်ပါ။ စောင့်ကြည့်ရမှာပေါ့လို့ဝန်ကြီးကထပ်မံဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *