တော်လှန်ရေးလုပ်နေတဲ့ pdf တွေနဲ့ တော် လှန်ရေးသ မားတွေကို အပြစ်တင်ပြောဆိုပြီး တပ်မတော်ကို မတိုက်ခိုက်ဖို့ပြောလာတဲ့ မင်းအုပ်စိုး

ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ တပ်မတော်ကြီး ပြိုကွဲပျက်စီးအောင် မပြုလုပ်သင့်ကြောင်း မင်းအုပ်စိုး ပရိသတ်တွေကို ပြောဆိုလိုက်ပါတယ်။၎င်းဟာ အချိန်အတော်ကြာ တရားရင်ဆိုင်ရပြီးနောက်သေဒဏ်ဆိုပြီး အမိန့် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ထောင်ကျပြီးနောက်ပိုင်း သူနဲ့ပတ်သက်တဲ့ သတင်းမှန်သမျှ ဘာမှမကြားရတာ အတော်ကြာခဲ့ပါပြီ၊ ဒါ‌ပေမယ့် မကြာသေးခင်ပဲ သရုပ်ဆောင် မင်းအုပ်စိုးဟာ ပြန် လ ည်လွတ်မြောက်လာတာပဲဖြစ်ပါတယ်။ပရိသတ်တချို့ကတော့ သရုပ်ဆောင် မင်းအုပ်စိုး ပြန်လည် လွတ် မြောက်လာတဲ့ အပေါ် အမျိုးမျိုးဝေဖန်သံတွေ ထွက်လာခဲ့ကြပြီး ဒေါသထွက်ခဲ့ကြပါသေးတယ်။

မင်းအုပ်စိုးကတော့ လတ်တလောအခြေနေတွေနဲ့ ပတ်သတ်ပြီး ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာ့ တပ်မတော်ကြီး ပြိုကွဲ ပျက်စီးအောင် မပြုလုပ်သင့်ကြောင်း သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။မြန်မာပြည် မြေပုံအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံချင်ပါသလား ထောက်ခံလို့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ချင်ပါသလား ချစ် ခင်လို့ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ် နိုးလို့ ကိုးကွယ်ချင်လွန်းတဲ့ စိတ်ကြောင့် အမေလို့ ခေါ်ချင်ပါသလား၊ လွတ်လွတ်လပ်လပ် အားရပါးရကြီး အမေလို့ခေါ်လို့ရပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံချင်ပါသလား ထောက်ခံလို့ရပါတယ်၊ ချစ်ခင်ချင်ပါသလားချစ်ခင်လို့ရပါတယ်၊ ချစ်မြတ်နိုးလွန်းတဲ့စိတ်ကြောင့် အဘလို့ခေါ်ချင်ပါသလား လွတ် လပ်စွာ ခေါ်လို့ရပါတယ်။

တပ်မတော်အတွင်းမှာ ဝင်ရောက် အမှုထမ်းနေကြတဲ့ တပ်မတော်သားတွေကို မုန်းချင်ပါသလား မုန်းလို့ရပါတယ်။ဆဲချင်ပါသလား အိမ်ထဲမှာနေပြီး ပါးစပ်ကနေ အားပါးတရဆဲလို့ရပါတယ်၊ ကုန်ကုန် ပြောရရင်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မုန်းချင်ပါသလား မုန်းလို့ရပါတယ်၊ ပိုးဆိုးပက်စက်ဆဲချင်ပါသလား၊ ကိုယ့်အိမ်ထဲကနေ ကိုယ့်ပါးစပ်နဲ့ လွတ်လွတ်လပ်လပ် စိတ် ပါလက်ပါ အားရပါးရဆဲလို့ရပါတယ်။

ဒါပေမယ့်ဆဲတဲ့လူတွေက ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာလူမျိုးတွေ ဖြစ်မယ်ဆိုရင် ဝစီကံကြောင့် ရလာတဲ့ဒဏ်ကို အဲ့ဒီလူတွေက အနည်းအကျင်းခံရယုံကလွဲပြီး အခြားလူတွေအတွက်၊ တိုင်းပြည်အတွက် ကြီးကြီးမားမား ဆုံရှုံးထိခိုက်မှု မရှိနိုင်ပါဘူး။ဒါပေမယ့် တပ်မတော်ကြီး ပြိုကွဲသွားအောင်၊ ပျက်စီးသွားအောင် ပျောက်ကွယ်သွားအောင်တော့ မတွေးသင့် မပြောသင့်သလို မစည်းရုံးသင့် မကြံစည်သင့်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဒီနေ့ ဒီအချိန်ရောက်လာတဲ့အထိ ကမ္ဘာ့ မြေပုံထဲမှာ ကျွန်တော်တို့ရဲ့ မြန်မာပြည်မြေပုံလေး ပျက်မသွားစေရအောင်ပဲ့ထွက်မသွားစေရအောင် တစစီပြိုကွဲမသွားစေရအောင် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပေးခဲ့တဲ့ တခုထဲသော အဖွဲ့အစည်းကို ပြောပါဆိုရင် မြန်မာ့တပ်မတော်က လွဲပီးမှတပါး အခြားမရှိပါပဲဗျာလို့ ၎င်းကဆိုပါတယ်။

ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ ကျွန်တော့တိုင်း ပြည် ကျွန်တော်သဘောကျတဲ့ ကျွန်တော့တိုင်းပြည်ရဲ့ မြေပုံလေး တစစီကွဲထွက်ပြိုပျက် မသွားအောင် ခေတ်အဆက်ဆက် ကာကွယ် စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာ့တပ်မတော်ကြီးကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါရဲ့ဗျာလို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

ေတာ္လွန္ေရးလုပ္ေနတဲ့ pdf ေတြနဲ႕ ေတာ္ လွန္ေရးသ မားေတြကို အျပစ္တင္ေျပာဆိုၿပီး တပ္မေတာ္ကို မတိုက္ခိုက္ဖို႔ေျပာလာတဲ့ မင္းအုပ္စိုး

ေခတ္အဆက္ဆက္ ကာကြယ္ေစာင့္ေရွာက္ေပးခဲ့တဲ့ တပ္မေတာ္ႀကီး ၿပိဳကြဲပ်က္စီးေအာင္ မျပဳလုပ္သင့္ေၾကာင္း မင္းအုပ္စိုး ပရိသတ္ေတြကို ေျပာဆိုလိုက္ပါတယ္။၎ဟာ အခ်ိန္အေတာ္ၾကာ တရားရင္ဆိုင္ရၿပီးေနာက္ေသဒဏ္ဆိုၿပီး အမိန႔္ ခ်မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ေထာင္က်ၿပီးေနာက္ပိုင္း သူနဲ႕ပတ္သက္တဲ့ သတင္းမွန္သမွ် ဘာမွမၾကားရတာ အေတာ္ၾကာခဲ့ပါၿပီ၊ ဒါ‌ေပမယ့္ မၾကာေသးခင္ပဲ သ႐ုပ္ေဆာင္ မင္းအုပ္စိုးဟာ ျပန္ လ ည္လြတ္ေျမာက္လာတာပဲျဖစ္ပါတယ္။ပရိသတ္တခ်ိဳ႕ကေတာ့ သ႐ုပ္ေဆာင္ မင္းအုပ္စိုး ျပန္လည္ လြတ္ ေျမာက္လာတဲ့ အေပၚ အမ်ိဳးမ်ိဳးေဝဖန္သံေတြ ထြက္လာခဲ့ၾကၿပီး ေဒါသထြက္ခဲ့ၾကပါေသးတယ္။

မင္းအုပ္စိုးကေတာ့ လတ္တေလာအေျခေနေတြနဲ႕ ပတ္သတ္ၿပီး ေခတ္အဆက္ဆက္ ကာကြယ္ေစာင့္ေရွာက္ေပးခဲ့တဲ့ ျမန္မာ့ တပ္မေတာ္ႀကီး ၿပိဳကြဲ ပ်က္စီးေအာင္ မျပဳလုပ္သင့္ေၾကာင္း သူ႕ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာကေန ေရးသားေျပာဆိုလာခဲ့တာပဲ ျဖစ္ပါတယ္။ျမန္မာျပည္ ေျမပုံအေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံခ်င္ပါသလား ေထာက္ခံလို႔ရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ခ်စ္ခင္ခ်င္ပါသလား ခ်စ္ ခင္လို႔ရပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ကို ခ်စ္ျမတ္ နိုးလို႔ ကိုးကြယ္ခ်င္လြန္းတဲ့ စိတ္ေၾကာင့္ အေမလို႔ ေခၚခ်င္ပါသလား၊ လြတ္လြတ္လပ္လပ္ အားရပါးရႀကီး အေမလို႔ေခၚလို႔ရပါတယ္။ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကို ေထာက္ခံခ်င္ပါသလား ေထာက္ခံလို႔ရပါတယ္၊ ခ်စ္ခင္ခ်င္ပါသလားခ်စ္ခင္လို႔ရပါတယ္၊ ခ်စ္ျမတ္နိုးလြန္းတဲ့စိတ္ေၾကာင့္ အဘလို႔ေခၚခ်င္ပါသလား လြတ္ လပ္စြာ ေခၚလို႔ရပါတယ္။

တပ္မေတာ္အတြင္းမွာ ဝင္ေရာက္ အမႈထမ္းေနၾကတဲ့ တပ္မေတာ္သားေတြကို မုန္းခ်င္ပါသလား မုန္းလို႔ရပါတယ္။ဆဲခ်င္ပါသလား အိမ္ထဲမွာေနၿပီး ပါးစပ္ကေန အားပါးတရဆဲလို႔ရပါတယ္၊ ကုန္ကုန္ ေျပာရရင္ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ကို မုန္းခ်င္ပါသလား မုန္းလို႔ရပါတယ္၊ ပိုးဆိုးပက္စက္ဆဲခ်င္ပါသလား၊ ကိုယ့္အိမ္ထဲကေန ကိုယ့္ပါးစပ္နဲ႕ လြတ္လြတ္လပ္လပ္ စိတ္ ပါလက္ပါ အားရပါးရဆဲလို႔ရပါတယ္။

ဒါေပမယ့္ဆဲတဲ့လူေတြက ဗုဒၶဘာသာ ကိုးကြယ္တဲ့ ျမန္မာလူမ်ိဳးေတြ ျဖစ္မယ္ဆိုရင္ ဝစီကံေၾကာင့္ ရလာတဲ့ဒဏ္ကို အဲ့ဒီလူေတြက အနည္းအက်င္းခံရယုံကလြဲၿပီး အျခားလူေတြအတြက္၊ တိုင္းျပည္အတြက္ ႀကီးႀကီးမားမား ဆုံရႈံးထိခိုက္မႈ မရွိနိုင္ပါဘူး။ဒါေပမယ့္ တပ္မေတာ္ႀကီး ၿပိဳကြဲသြားေအာင္၊ ပ်က္စီးသြားေအာင္ ေပ်ာက္ကြယ္သြားေအာင္ေတာ့ မေတြးသင့္ မေျပာသင့္သလို မစည္း႐ုံးသင့္ မႀကံစည္သင့္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႕ကေန ဒီေန႕ ဒီအခ်ိန္ေရာက္လာတဲ့အထိ ကမာၻ႔ ေျမပုံထဲမွာ ကြၽန္ေတာ္တို႔ရဲ႕ ျမန္မာျပည္ေျမပုံေလး ပ်က္မသြားေစရေအာင္ပဲ့ထြက္မသြားေစရေအာင္ တစစီၿပိဳကြဲမသြားေစရေအာင္ ကာကြယ္ေစာင့္ေရွာက္ ထိန္းသိမ္းေပးခဲ့တဲ့ တခုထဲေသာ အဖြဲ႕အစည္းကို ေျပာပါဆိုရင္ ျမန္မာ့တပ္မေတာ္က လြဲပီးမွတပါး အျခားမရွိပါပဲဗ်ာလို႔ ၎ကဆိုပါတယ္။

ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္ခ်စ္တဲ့ ကြၽန္ေတာ့တိုင္း ျပည္ ကြၽန္ေတာ္သေဘာက်တဲ့ ကြၽန္ေတာ့တိုင္းျပည္ရဲ႕ ေျမပုံေလး တစစီကြဲထြက္ၿပိဳပ်က္ မသြားေအာင္ ေခတ္အဆက္ဆက္ ကာကြယ္ ေစာင့္ေရွာက္ေပးခဲ့တဲ့ ျမန္မာ့တပ္မေတာ္ႀကီးကိုလွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္မိပါရဲ႕ဗ်ာလို႔ ေရးသားခဲ့တာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.