ဖေဖေမေမေတို့ရဲ့ ငယ်ပုံလေးတွေ တင်ပြီး ဘယ်သူနဲ့တူလည်း မေးနေတဲ့ စိုးပြည့်သဇင်

ပရိသတ်ကြီးရေ စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် အဆိုတော်တစ်ယောက်အနေနဲ့လည်း သီချင်းတွေကို သီဆိုခဲ့ပြီး ချိုသာလှတဲ့ အသံလေးကြောင့်လည်း အဆိုတော်တစ်ယောက်အနေနဲ့ လက်ခံရေ လာက်တဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ လက်ရှိအချိန်အထိ အနုပညာလောကမှာ နာမည်ပျက်မရှိဘဲ ပရိသတ်တွေနဲ့သာသူ့ရဲ့ဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့ပြီး အနုပညာအ လုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေခဲ့ပါတယ်။

အနုပညာအလုပ်တွေ နည်းပါးနေတဲ့ ခုလို ကာလမှာလည်း သူ့ရဲ့ပရိသတ်တွေနဲ့ လူမှုကွန်ရက်စာ မျက်နှာကို ပိုမိုအသုံးပြုကာ ဆက်သွယ်နေခဲ့ပါတယ်။

စိုးပြည့်ကတော့ ဒီနေ့မှာ ချစ်ရတဲ့ပရိသတ်တွေကို သူ့ရဲ့မိဘနှစ်ပါးငယ်စဉ်က ဓာတ်ပုံလေးရယ် သူ့ရဲ့ငယ်စဉ်ကဓာတ်ပုံလေးရယ်ကို ချပြပြီး သူက ဖေဖေနဲ့တူတာလား မေမနေဲ့တူတာလားလို့ မေးခွန်းထုတ်ထားခဲ့ပါတယ်။

ပရိသတ်ကြီးတွေလည်း ပုံလေးတွေကိုကြည့်ပြီး စိုးပြည့်လေးက ဖေဖေနဲ့တူလား မေမေတဲ့ တူတာလား ဖြေပေးခဲ့ကြပါဦးနော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.