အဓမ္မကို ဓမ္မနဲ့တွန်းလှန်ဖို့ နည်းလမ်းပေးလာတဲ့ သရုပ် ဆောင် ဗိုလ်ကြီး ဟိန်းထက်

အဓမ္မကိုဓမ္မနဲ့တွန်းလှန်ဖို့ကိုယ်တိုင်လုပ်ဆောင်ရမယ့်အရာတွေကိုပြောပြလာတဲ့လွတ်မြောက်နယ်မြေကသရုပ်ဆောင်ဟိန်းထက်ပရိသတ်ကြီးရေသရုပ်ဆောင်ဟိန်းထက်ကတော့မတရားမှုကိုလက်ခံဘဲပြည်သူနဲ့အတူအာဏာရှင်ကိုတော်လှန်နေတာဘဲဖြစ်ပါတယ်။

ဒါကြောင့်လည်း သရုပ်ဆောင်ဟိန်းထက်ကိုမိဘတွေကအမွေပြတ်စွန့်လွတ်ထားတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ သရုပ်ဆောင်ဟိန်းထက်ကအဓမ္မကိုဓမ္မနဲ့တော်လှန်ဖို့ အတွက်လုပ်ဆောင်ရမယ့်အရာတွေကိုပြောပြလာတာဖြစ်ပါတယ်။

ဟိန်းထက်ကခုလက်ရှိကျနော်တို့ဟာလူတစ်စုရဲ့အဓမ္မအနိုင်ကျင့်ခြင်းကိုပြည်သူတွေခံစားနေရပါတယ်။ဒါကြောင့်မတရားမှုတွေကိုမခံနိုင်တဲ့သူတွေဟာဖိနှိပ်သူတွေကို နည်းမျိုးစုံနဲ့တော်လှန်ကြတဲ့အထဲမှာကျနော်အပါအဝင်ပါ။

တော်လှန်တဲ့နည်းမျိုးစုံရှိပါတယ်။အဲ့ဒီထဲမှာ ကျနော်ခုကျင့်သုံးတဲ့နည်းက ဓမ္မဆိုတဲ့အမှန်တရားကိုသိပြီး မိမိကိုယ်ကိုကောင်းအောင်နေထိုင်ခြင်းပါ။အထူးသဖြင့်ကိုယ်ကျင့်တရားကိုအခြေခံပါတယ်။ ကျနော်ဘယ်လိုအခြေနေမျိုးမှာပဲဖြစ်နေပါစေကျနော်တခြားသူကိုရန်မူတုန့်ပြန်ခြင်းမရှိခဲ့ဘူး။ကျနော် မေတ္တာထားပြီး အမြဲသတိနဲ့နေခဲ့ပါတယ်။

ကိုယ်နိုင်တဲ့ဘက်ကနေဒုက္ခရောက်နေတဲ့လူတွေကိုလူ သားခြင်းစာနာမှုနဲ့ အစွမ်းကုန်ကူညီခဲ့တယ်။ကိုယ် ကျင့်တရားအထူးသဖြင့် ၅ပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲအောင်ဝတ်ဆင်ထားတယ်။ဒါကခုချိန်ထိကျနော်ကျင့် သုံးနေထိုင်တဲ့နည်းပါ။ခုကျနော် ပြည်သူတွေကျနော့်မိတ်ဆွေအပေါင်းသင်းတွေနဲ့ အတူ ပြုလုပ်ချင်တာလေးရှိပါတယ်။ဒါက ဆုတောင်းခြင်းနဲ့ဥပုဒ်စောင့်ခြင်း (Pray and Fasting)ပြုလုပ်ခြင်းပါ။ခက်ခဲတဲ့အရာကြီးမဟုတ်ပါဘူး။

ပြုလုပ်ရမှာကတော့နေ့လည် ၁၂နာရီကနေ့ ည၇နာရီထိအစာမစားရေမသောက်ပဲ နေကြပါမယ်။စားသောက်ချင်စိတ်(လောဘ)ကို ၇နာရီတိတိ ထိန်းသိမ်းပြီး သတိနဲ့နေပါမယ်။ည၇နာရီထိ မိမိစောင့်ထိန်းမှုကို ထိန်းထားနိုင်ပြီဆိုရင် ကျနော်တို့ဆုတောင်းခြင်းပြုလုပ်ပါမယ်။

ပျက်သွားရင်လည်းနောက်နေ့ဆက်လုပ်လို့ရပါတယ်။ပြုလုပ်ရမှာကဖယောင်းတိုင်တစ်ချောင်းကို မီးထွန်းညှိကာကိုင်ထားပြီးအကျွန်ုသည် ၇နာရီတိတိစားသောက်လိုစိတ်ကို ထိန်းချုပ်သည်းခံခဲ့ပါသည်။ဤမှန်ကန်သောသစ္စာစကားကြောင့်ဓမ္မမြတ်နိုးသူတွေ အောင်မြင်ပါစေ။

အဓမ္မမြတ်နိုးသူတွေ ဓမ္မမြတ်နိုးပါစေ။သတ္တဝါအား လုံးအေးချမ်းပါစေ။မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။အထက်ပါ အကြောင်းအရာကိုသစ္စာပြုပြီးရင်မိမိကိုင်ထားတဲ့ဖယောင်းတိုင်ကို ခြံစည်းရိုးမှာထွန်းထားလိုက် ပါ။ခုကျနော်ပြောတဲ့ အရာက မခက်ခဲပါဘူး။မည်သူ့မှထိခိုက်ခြင်းမရှိပါဘူး။ဒါပြင် ဓမ္မဘက်တော်သားတွေအတွက်လည်းအားဖြစ်စေပါလိမ့်မယ်မိမိဟာ ဓမ္မမြတ် နိုးသူဆိုတာသက်သေပြခြင်းဖြင့်အဓမ္မတရားကိုကျနော်တို့အားလုံးတူတူတွန်းလှန်ကြပါမယ်။အဓမ္မကိုဓမ္မနဲ့တွန်းလှန်မယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)










Leave a Reply

Your email address will not be published.