မိုးဗြဲမှာကျဆုံးသွားတဲ့ PDF အဖွဲ့ဝင်လူငယ် ၊ဓမ္မဆရာဟောင်းလေးဖြစ်ကြောင်းပြောပြ
မိုးဗြဲမှာကျဆုံးသွားခဲ့သော PDF အဖွဲ့ဝင် လူငယ်လေးသည်အလွန်လိမ်မာပြီး ဖေါ်ရွေတတ်တဲ့
ကက်သလစ်ဓမ္မဆရာဟောင်းလေးဖြစ်ကြောင်း၊ ဘုရားကျောင်းမှာအမြဲသံစုံတီးပေးသူဖြစ်ကြောင်းသိရပါတယ်။
တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူသွားတဲ့ ဒီမိုကရေစီသူရဲကောင်းလေး၊
အဖဘုရားရဲ့အိမ်တော်မှာ သံစုံတီးပြီး ဘုရားရှင်ရဲ့ဂုဏ်တော်ကို အစဉ်ထာဝရ ချီးမွမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။
ဆရာလေးကို ဂုဏ်ပြုလေးစားလျက်ရှိပြီး။ ဒီကာလကြီးပြီးသွားရင် ဂုဏ်ပြုမှတ်တမ်းများနှင့် မိသားစုအတွက် ထောက်ပံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုကရေးသားနေခဲ့ကြပါသည်။