လွန်ခဲ့၄နှစ် က ဝေဖန်မှုတွေ အခက်ခဲတွေကိုပြန်လည်ပြောပြရင်း ခင်ပွန်းသည်ကို ကျေးဇူးတင်နေတဲ့ စုစုဝေ

မကြာခင်မွေးဖွားတော့မယ့်သားလေးရဲ့ကိုယ်ဝန်ကိုလွယ်ရင်း ကြည်နူးစရာကောင်းတဲ့အိမ်ထောင်ရှင်ဘဝလေးကိုဖြတ်သန်းနေတာကတော့စုစုဝေပဲဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ ပရိသတ်တွေအားကျချစ်နေရတာကြောင့် မကြာခင်မိသားစုဘဝလေးပိုင်ဆိုင်ရမှာကိုလည်းဂုဏ်ပြုပေးနေကြတာပါ။သားလေးရဲ့ကိုယ် ဝန် ဆောင်ပုံရိပ်တွေတင်တိုင်းလည်းပရိသတ်တွေချစ်မဝဖြစ်နေရတာပါ။

လူမှုကွန်ရက်မှာပရိသတ်တွေအတွက်ပုံရိပ်လေးတွေတင်ပေးလေ့ရှိတဲ့သူမကတော့ခုမှာလည်း သူတို့စတွေ့ခဲ့တဲ့ဒီနေ့အကြောင်းလေးကိုပြောပြခဲ့တာပါ။ဒီနေ့လိုမျိုးရက်ကလေးပေါ့ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်မဘဝထဲကိုသူစရောက်လာခဲ့တယ် အဲ့ဒီနေ့က တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း တစ်ယောက်အကြောင်းတစ်ယောက် ပြောဆိုဖွင့်ဟပြီ ချစ်သူဖြစ်ခဲ့တဲ့နေ့လေ 21-4-2018 အခုထိပြောဆိုခဲ့ကြတာတွေကိုမှတ်မိနေတုန်း။

ချစ်သူဖြစ်ပြီ သူ့ဘက်ကတရားဝင် လူတွေအရှေ့ကိုကိုယ်ထုတ်ပြတော့ လူတစ်ချို့ရဲ့ဝေဖန်တိုက်ခိုက်မှုတွေအလူးအလှိမ့်ခံစားခဲ့ရတာတွေ မှတ်မိနေသေးတယ်။
သူတို့ပြောသလိုပဲ အချိန်ကသက်သေပြမယ်ဆိုတာ တစ်ကယ်မှန်ပါတယ်။

ကျွန်မကတော့ သူကိုစပြီ ချစ်သူဖြစ်ကတည်းက လေး စားမှု ယုံကြည်မှုအပြည့်အဝထားခဲ့တော့ ဘယ်သူဘာပြောပြော ကျွန်မတို့တည်ဆောက်ထားတဲ့ RS ကိုပဲပိုလို့ခိုင်မြဲအောင်ပဲကြိုးစားခဲ့တယ်။သူ့ဘက်ကလဲ ဘယ်လိုအခက်အခဲပဲရှိရှိကိုယ့်ကို လက်မလွတ်ပဲ အမြဲစိတ်ရှည် သည်းခံပေးခဲ့တယ်။

တိုင်းပြည်အတွင်း ကျန်းမာရေ နိုင်ငံရေးတွေ ရှုပ်ထွေးဆိုးရွားလာတဲ့အချိန် မှာလဲ သူ့အတွက်ကိုယ်မပါပဲ ကိုယ်နိုင်ငံကနေ သူတစ်ယောက်ထဲသူထွက်သွားချင်ရင်သွားလို့ရတဲ့အခွင့်အရေး သူမှာရှိရက် ရရက်သာနဲ့ သူမလုပ်ခဲ့ပါဘူး။ သူမှာအဲ့လိုစိတ်ဓါတ်မျိုးမရှိဘူးဆိုတာ ကျွန်မကိုပြသခဲ့တယ် ။

ကျွန်မကို မရမက သူနဲ့အတူပါအောင်အမျိုးမျိုးကြိုး စားပြီ ရအောင်ခေါ်ဆောင်လာနိုင်တယ် သူ့ရဲ့မိဘတွေကိုလဲအထူးကျေးဇူးတင်တယ်။ သူတို့လဲ ချွေးမလေးကျွန်မကို ဘက်စုံကြိုးစားပြီ ရအောင်ခေါ်ထုတ်ဖို့ ကြိုး စားပေးခဲ့တယ်။ ဗုဒ္ဓဘုရားကိုလဲ အခက်အခဲကြားကနေ လွတ်မြောက်အောင်ကူညီပေးလို့ အထူးယုံကြည် ကျေးဇူးတင်မိတယ်။

အခုလို4 နှစ်ပြည့်တဲ့အချိန်မကြာခင် ရက်ပိုင်းလေးမှာ ကျွန်မတို့နှစ်ယောက်ရဲ့ သားဦးရတနာလေးမျက်နှာကိုလဲ မြင်ခွင့်ရတော့မယ်။ချစ်တယ်ယောက်ျားရေ နောက် ထပ်လဲပိုလို့ ကျွန်မတို့သားမိကိုချစ်ပေးပါအုန်းနော် Ich liebe dich Mikis Weber Danke für Alles ဆိုပြီးအ မှတ်တရလေးတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

လြန္ခဲ့၄ႏွစ္ က ေဝဖန္မႈေတြ အခက္ခဲေတြကိုျပန္လည္ေျပာျပရင္း ခင္ပြန္းသည္ကို ေက်းဇူးတင္ေနတဲ့ စုစုေဝ

မၾကာခင္ေမြးဖြားေတာ့မယ့္သားေလးရဲ႕ကိုယ္ဝန္ကိုလြယ္ရင္း ၾကည္ႏူးစရာေကာင္းတဲ့အိမ္ေထာင္ရွင္ဘဝေလးကိုျဖတ္သန္းေနတာကေတာ့စုစုေဝပဲျဖစ္ပါတယ္။ သူတို႔အတြဲေလးဟာ ပရိသတ္ေတြအားက်ခ်စ္ေနရတာေၾကာင့္ မၾကာခင္မိသားစုဘဝေလးပိုင္ဆိုင္ရမွာကိုလည္းဂုဏ္ျပဳေပးေနၾကတာပါ။သားေလးရဲ႕ကိုယ္ ဝန္ ေဆာင္ပုံရိပ္ေတြတင္တိုင္းလည္းပရိသတ္ေတြခ်စ္မဝျဖစ္ေနရတာပါ။

လူမႈကြန္ရက္မွာပရိသတ္ေတြအတြက္ပုံရိပ္ေလးေတြတင္ေပးေလ့ရွိတဲ့သူမကေတာ့ခုမွာလည္း သူတို႔စေတြ႕ခဲ့တဲ့ဒီေန႕အေၾကာင္းေလးကိုေျပာျပခဲ့တာပါ။ဒီေန႕လိုမ်ိဳးရက္ကေလးေပါ့ လြန္ခဲ့တဲ့ ေလးႏွစ္က ကြၽန္မဘဝထဲကိုသူစေရာက္လာခဲ့တယ္ အဲ့ဒီေန႕က တစ္ေယာက္နဲ႕တစ္ေယာက္ ပြင့္ပြင့္လင္းလင္း တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေျပာဆိုဖြင့္ဟၿပီ ခ်စ္သူျဖစ္ခဲ့တဲ့ေန႕ေလ 21-4-2018 အခုထိေျပာဆိုခဲ့ၾကတာေတြကိုမွတ္မိေနတုန္း။

ခ်စ္သူျဖစ္ၿပီ သူ႕ဘက္ကတရားဝင္ လူေတြအေရွ႕ကိုကိုယ္ထုတ္ျပေတာ့ လူတစ္ခ်ိဳ႕ရဲ႕ေဝဖန္တိုက္ခိုက္မႈေတြအလူးအလွိမ့္ခံစားခဲ့ရတာေတြ မွတ္မိေနေသးတယ္။
သူတို႔ေျပာသလိုပဲ အခ်ိန္ကသက္ေသျပမယ္ဆိုတာ တစ္ကယ္မွန္ပါတယ္။

ကြၽန္မကေတာ့ သူကိုစၿပီ ခ်စ္သူျဖစ္ကတည္းက ေလး စားမႈ ယုံၾကည္မႈအျပည့္အဝထားခဲ့ေတာ့ ဘယ္သူဘာေျပာေျပာ ကြၽန္မတို႔တည္ေဆာက္ထားတဲ့ RS ကိုပဲပိုလို႔ခိုင္ၿမဲေအာင္ပဲႀကိဳးစားခဲ့တယ္။သူ႕ဘက္ကလဲ ဘယ္လိုအခက္အခဲပဲရွိရွိကိုယ့္ကို လက္မလြတ္ပဲ အၿမဲစိတ္ရွည္ သည္းခံေပးခဲ့တယ္။

တိုင္းျပည္အတြင္း က်န္းမာေရ နိုင္ငံေရးေတြ ရႈပ္ေထြးဆိုး႐ြားလာတဲ့အခ်ိန္ မွာလဲ သူ႕အတြက္ကိုယ္မပါပဲ ကိုယ္နိုင္ငံကေန သူတစ္ေယာက္ထဲသူထြက္သြားခ်င္ရင္သြားလို႔ရတဲ့အခြင့္အေရး သူမွာရွိရက္ ရရက္သာနဲ႕ သူမလုပ္ခဲ့ပါဘူး။ သူမွာအဲ့လိုစိတ္ဓါတ္မ်ိဳးမရွိဘူးဆိုတာ ကြၽန္မကိုျပသခဲ့တယ္ ။

ကြၽန္မကို မရမက သူနဲ႕အတူပါေအာင္အမ်ိဳးမ်ိဳးႀကိဳး စားၿပီ ရေအာင္ေခၚေဆာင္လာနိုင္တယ္ သူ႕ရဲ႕မိဘေတြကိုလဲအထူးေက်းဇူးတင္တယ္။ သူတို႔လဲ ေခြၽးမေလးကြၽန္မကို ဘက္စုံႀကိဳးစားၿပီ ရေအာင္ေခၚထုတ္ဖို႔ ႀကိဳး စားေပးခဲ့တယ္။ ဗုဒၶဘုရားကိုလဲ အခက္အခဲၾကားကေန လြတ္ေျမာက္ေအာင္ကူညီေပးလို႔ အထူးယုံၾကည္ ေက်းဇူးတင္မိတယ္။

အခုလို4 ႏွစ္ျပည့္တဲ့အခ်ိန္မၾကာခင္ ရက္ပိုင္းေလးမွာ ကြၽန္မတို႔ႏွစ္ေယာက္ရဲ႕ သားဦးရတနာေလးမ်က္ႏွာကိုလဲ ျမင္ခြင့္ရေတာ့မယ္။ခ်စ္တယ္ေယာက္်ားေရ ေနာက္ ထပ္လဲပိုလို႔ ကြၽန္မတို႔သားမိကိုခ်စ္ေပးပါအုန္းေနာ္ Ich liebe dich Mikis Weber Danke für Alles ဆိုၿပီးအ မွတ္တရေလးေတြကိုေျပာျပခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.