ပုဒ်မ ၅၀၅-ကကြောင့် အိမ်နဲ့ဝေးပြီးထွက်ပြေးနေရာတာ ရက်ပေါင်း ၅၀ ရှိပြီဆိုတဲ့၊စည်သူဝင်း

ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ရိုက်ကူးရာမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့သူကတော့သရုပ်ဆောင် စည်သူဝင်းပဲ ဖြစ်ပါတယ်။  သူကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွေမှာ ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ရုံသာမက ညဘက်များတွင် မပျက်မကွက် သံဗုံးတီးခဲ့သူ ဖြစ်ပါတယ်။

အခုလို တက်ကြွစွာ ပါဝင်ခဲ့တဲ့ စည်သူဝင်းကိုတော့ ပုဒ်မ ၅၀၅(ကဖြင့် အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းလုံခြုံရာ နေရာသို့ ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပြီး ပရိသတ်တွေကလည်း စည်သူဝင်းအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေကြရတဲ့ အခြားသောအနုပညာရှင်များလည်း သူတို့ချစ်ခင်ရတဲ့ မိသားစုဝင်များနဲ့ ခွဲပြီး အဝေးတစ်နေရာတွင် နေကြရတဲ့အတွက် ဝမ်းနည်းနေကြရတာ ဖြစ်ပါတယ်။ 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း စည်သူဝင်းရဲ့ Facebook Story တွင် နွေးထွေးလုံခြုံတဲ့ အမေ့အိမ်ကနေခွဲခွာလာရတာ ရက်ပေါင်း(၅၀ပြည့်ပြီဖြစ်ကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။  ပရိသတ်များကလည်း သူတို့အားပေးကြရတဲ့ အနုပညာရှင်တွေ အခုလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေကြတဲ့အတွက် စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပြီး ခွဲခွာနေကြရသူများအားလုံး မိသားစုဝင်များနဲ့ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *