ဟန်ငြိမ်းဦးရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကြောင့် ညတွင်းချင်း အဖမ်းခံလိုက်ရတဲ့ လူရွှင်တော်ကောင်းကျော်

ဟန်ငြိမ်းဦးရဲ့ မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေကြောင့် လူရွှင်တော် ဦးကောင်းကျော်ဟာ ညတွင်းချင်းအိမ်မှာ လာရောက်ဖမ်းဆီးသွားခြင်းကို ခံလိုက်ရပါတယ်။

ပရိသတ်ကြီးရေဟာလူရွှင်တော်ကောင်းကျော်ကတော့ စစ်အာဏသိမ်းမှုကိုလက်မခံ လူမှုကွန်ရက်မှာအမြဲလှောင်ပြောင်ပြောဆိုတတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ လူရွှင်တော်ကောင်းကျော်ကိုလွတ် မြောက်နယ်မြေမှာရောက်နေတဲ့ ဟားငါးကောင်အဖွဲ့နဲ့ဆက်စပ်တယ်ဆိုပြီးညပိုင်းမှာသူနေထိုင်တဲ့ သာကေတမြို့နယ်ကနေအိမ်မှာဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ပိတောက်ရွှေဝါလမ်းမှာနေတဲ့ ရုပ်ရှင်သရုပ်ဆောင်လူရွှင်တော်ကောင်းကျော်ကို မနေ့ ည ၁၀ ကျော် စစ်တပ်၊ ရဲ အပါအဝင်အင်အားအ များအပြားနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်တလောမှာ လူရွှင်တော်ကောင်းကျော်ကို ဘယ်နေ ရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရတဲ့အတွက် မိ သားစုဝင်တွေက စိတ်ပူနေတယ်လို့လည်း သိရပါတယ်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.