သူမရဲ့ အချစ်ကို ၂နှစ်ကြာပြီးနောက် တွေ့ရှိခဲ့ပြီး ချပြလာတဲ့ သင်ဇာဝင့်ကျော်

ပုရိသတွေ အသည်းစွဲ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က သူမရဲ့ အနုပညာ သက်တမ်းတစ်လျှောက် အောင်မြင်မှုတွေ ကိုသာ ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က နောက်ပိုင်းမှာ တော့ သူမရဲ့ စွဲမက်ဖွယ် အလှနဲ့ အမိုက်စားဝတ်စားဆင်ယင်ပုံတွေ ကြောင့် ပရိသတ်တွေရဲ့ သတိထား အာရုံစိုက်ခြင်းကို ပိုမိုခံနေရ တာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကလည်း သူမကို အားပေးကြ တဲ့ ပရိ သတ်တွေအတွက် အလုပ်တွေ တောက်လျှောက်လုပ်နေ တာ ဖြစ်ပါတယ်။

စွဲဆောင်မှုရှိတဲ့ မင်းသမီးပီပီ ပရိသတ်တွေရဲ့ အား ပေးမှုကို အခိုင်အမာရရှိထားတဲ့ သင်ဇာဝင့်ကျော်ဟာ ဒီက နေ့ မှာတော့ ပရိသတ်တွေကို အသည်းကွဲစေခဲ့ပါတယ်။

အကြောင်းကတော့ ပရိသတ်တွေသတိထားမိပြီးသားဖြစ်ပြီး သင်ဇာဝင့်ကျော်ရဲ့အနား မှာပဲ အမြဲတမ်းရှိတဲ့ သူဟာ သင်ဇာဝင့်ကျော်ရဲ့ချစ်သူဖြစ်ပြီး ဒီ ကနေ့မှာတော့ သင်ဇာ့ရဲ့ချစ်သူက သူတို့နှစ်ယောက်ရဲ့ စုံတွဲပုံလေးကို ချပြလာခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ အရင်ချစ်သူနဲ့ လမ်းခွဲပြီး နှစ်နှစ်ကျော်ကြာမှ သူမရဲ့အချစ်သစ်ကိုရှာဖွေတွေ့ရှိခဲ့ တာပဲဖြစ်ပါတယ်။သင်ဇာဝင့်ကျော်တို့ချစ်သူနှစ်ယောက် သာယာပျော်ရွှင်တဲ့ ဘဝ လမ်းခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါ တယ်နော်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.