အရမ်းကြိုက်တဲ့ သရဖူ ဇတ်လမ်းတွဲမှာ Special Guest အနေနဲ့ ပါဝင်အားဖြည့်ထားတယ်ဆိုလာတဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်ကြီးရေနန်းစန္ဒာလှထွန်းကတော့ MRTV -4မှာ ပြသခဲ့တဲ့ ” ပ ဉ္စလက်ရွာ”ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိုက်တာလေးနဲ့ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။

ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး ”သက်သက်”အနေနဲ့ ပုရိသ ပရိသတ်တွေတဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။

နန်းစန္ဒာလှထွန်းကတော့ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းမှာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဇာတ် လမ်းတွဲမင်းသမီးစစ်စစ်တစ်လက်ဖြစ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝါရင့်အနုပညာရှင်တွေက တောင်ချီးကျုးရတဲ့အထိပါပဲနော်။

ဒါ့အပြင်စီနီယာအနုပညာမောင်နှမတွေအပေါ် ရိုသေလေးစားကာ အမြဲရင်းနှီဖော်ရွေတတ်တဲ့မင်းသမီးတစ်လက်ပါ။လက်ရှိမှာလည်းဧပြီလ၂၀ရက်နေ့မှာပြသတော့မယ့် သရဖူဇာတ်လမ်းတွဲမှာ ပါဝင်ထားကြောင်းကို

”ရိုက်လိုက်နားလိုက်နဲ့ ၂ နှစ်ကျော် နီးပါးရိုက်ခဲ့ရတဲ့ ဇာတ်လမ်းလေး သီချင်းလေးလည်းနားထဲစွဲလို့ ရင်တွေလည်းခုန်နေပြီလို့ ကိုယ်အရမ်းကြိုက်တဲ့ ဒီဇာတ် လမ်းတွဲလေးထဲမှာ Special Guest အနေနဲ့ပါဝင်အားဖြည့်ထားပါတယ်လို့ ”ဆိုတဲ့စာလေးနဲ့ ပြောပြခဲ့တာပါ။

ပရိသတ်တွေလည်းတကယ့်ကို နာမည်ကြီဇာတ်လမ်းတွဲမင်းသမီးနှစ်လက်ဖြစ်တဲ့ရေဝတီဇာတ်ကားထဲက ခြူးလေးနဲ့ နန်းစန္ဒာလှထွန်းတို့ထပ်မံတွေ့ဆုံမယ့် သရဖူဇာတ်လမ်းတွဲ အားပေးကြဖို့အဆင်သင့်ပဲလားဆိုတာပြောခဲ့ပေးပါဦးနော်

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Leave a Reply

Your email address will not be published.